ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၂၄ရက် မနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဟုန်းလမ်းဘူတာ ရပ်ကွက်ရုံးအတွင်း ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ကို ကျည်ထိမှန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရမှုအတွက် စစ်ကောင်စီက လက်ရှိမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ယောက်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေဟာ Freeland Attack Force အဖွဲ့က ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် ၊ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ ကိုစိုင်းနောင် ထက်(ခ) အာကြီးနဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်

စစ်ကောင်စီရဲ့အဆိုအရ ဒီဇင်ဘာ၂၄ရက် ညပိုင်းမှာရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနေအိမ်မှာ ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် နဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ကို ပထမဆုံး လက်နက်ပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဲဒီကမှတဆင့်  ထန်းတပင်မြို့နယ်နေ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေ ကိုစိုင်းနောင်ထက် (ခ) အာကြီးတို့ကို အသီးသီး ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ဆက်လက်ပြောဆိုချက်အရ Freeland Attack Force လုပ်ဆောင်ခဲ့တဲ့ တာမွေမြို့နယ်၊ စည်ပင်သာယာရုံး ဗုံးပစ်ခံရမှု အပါအဝင် အင်းစိန်၊ မရမ်းကုန်းနဲ့ တာမွေမြို့နယ်တွေမှာ ချိန်ကိုက်မိုင်းခွဲတာ၊ လက်ပစ်ဗုံးပစ်တာတွေကို အထက်ပါ သူတွေက လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေထိုင်သူ ကိုနေမျိုးနွယ်ဆိုသူက ခိုင်းစေခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

ရဲပြုတ် ၁ယောက်ဖြစ်သလို ဟုမ်းလမ်းအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးစန်းငွေကတော့ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု ဖမ်းဆီးရမိသူများ

ဦးစန်းငွေ သေဆုံးကြောင်းကိုလည်း လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force အဖွဲ့ တာဝန်ရှိသူ၁ယောက်က “မနက် ၅နာရီ ၄၅မှာ သေပြီလို့သတင်း၀င်ထားတယ်ခင်ဗျာ။ ရပ်ကွက်ကလည်း အတည်ပြုတယ် သိရပါတယ်” ဆိုပြီး မောင်းကိုအတည်ပြုပြောကြားထားပါ​သေးတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းဆောင်ခဲ့ရတဲ့ တပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်ရောက်လာ

“သူက အတင်းအဓမ္မ ‌ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ အခုလို အလင်းဝင်တာကလည်း အရပ်သားပြည် သူတွေကို သူ့မျက်စိရှေ့မှာ ရက်ရက်စက်စက် ပစ်တာတွေမြင်ရပြီး စစ်တပ်ရဲ့လုပ်ရပ်ကိုမကြိုက်လို့ အလင်းဝင်ခဲ့တာ”လို့ လက်ပံတန်းမြို့နယ် (ပအဖ) မှ စစ်ရေးတာဝန်ခံ ရဲဘော်စနေက မောင်းကိုပြောပါ တယ်။
Read More

တောင်သာမြို့နယ်တွင် စစ်တပ်ဂိတ်စခန်းများကို မြင်းခြံခရိုင် တပ်ရင်း (၃) တပြိုင်တည်း စီးနင်းတိုက်ခိုက်၊ စစ်သားအလောင်း ၃ လောင်း တွေ့ရှိကာ ဂိတ်များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်သားတချို့ သေဆုံးခဲ့ပြီး ဂိတ်စခန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ ၁ဦးသေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ People’s Defence Force – Yenangyaung (YNG-PDF) က ထုတ်ပြန်ပါတယ်။