ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စျေးဝယ်သွားတဲ့ အရပ်ဖက် ခရီးသည်တင်ကားတစ်စီးကို စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည် (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၂၄) ရက် ညနေပိုင်းအချိန်မှာ မောင်တောမြို့၊ ကြိမ်ချောင်းကနေ တောင်ပြိုကို ဈေးသွားဝယ်တဲ့ ကားပေါ်က စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စသဖြင့် ခရီးသည် ၁၆ ယောက်ပါတဲ့ အရပ်ဘက် ခရီးသည်ကားတစ်စီးကို အင်အား (၂၅) ယောက်ခန့်ရှိ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ARSA တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်မှာ ပါလာတဲ့ ခရီးသည် စုစုပေါင်း (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။

ဒဏ်ရာရရှိသူတွေကို AA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသလို အရပ်ဘက် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ကိုလည်း AA လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒုတိယနေ့အဖြစ် မနေ့က လိုက်လံရှာဖွေနေခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပိုမိုအားကောင်းသည့် တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းနေပြီး ဖက်ဒရယ်ယူနစ်များ အားကောင်းခိုင်မာအောင် ညှိနှိုင်းဆောင်ရွက်နေကြောင်း NUG ပြော

ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရအဖွဲ့ အပြောင်းအလဲတချို့ လုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ငန်းစဥ်တစ်ခုအနေနဲ့ လုပ်ဆောင်ကာ မိုမိုအားကောင်းတဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။
Read More

SSPP/SSA ဗဟိုဌာနချုပ်မှ ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စုကနေ ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုင်းပြည် ဆင်းရဲတွင်းနက်နေချိန် နေပြည်တော် ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံသုံးပြီး ပြုပြင်မယ့် စစ်ကောင်စီ 

တိုင်းပြည်ဆင်းရဲနေချိန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးတဲ့ နေပြည်တော်က ရေပန်းဥယျာဉ်ကို ငွေကျပ် (၁၅) ဘီလီယံ ကျော်အသုံးပြုကာ အသစ်ပြင်ဆင်မယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၇)ရွာတွင် လက်နက်ကြီးနှင့် ဒရုန်း အလွန်အကျွံ အသုံးပြုနေသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ ဇူလိုင်လ ၈ ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၈၉)လုံး၊ ဒရုန်းနဲ့ ဗုံး (၄၈)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

MDY PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မတ္တရာနှင့် ပုသိမ်ကြီးရှိ ကျေးရွာများအား စစ်အုပ်စု လေကြောင်းရော လက်နက်ကြီးပါအဆက်မပြတ်တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်မှာ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေဆီ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။
Read More

လူအများအိပ်မောကျချိန် မြောက်ဦးကို စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ဦးအပါ ၁၂ဦး သေဆုံး၊ ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း AA ထုတ်ပြန်၊ စစ်တပ်က ပြည်သူများအပေါ် တမင်ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေဟု ဆို

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ လူအများအိပ်မောကျနေချိန်ကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးစေဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။