မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။

”ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်” လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး”လို့ ဒေါက်တာ တေဇာစန်းက ဆိုပါတယ်။ 

ပြည်သူ့နွေဦးတော်လှန်ရေး ခရီးကြမ်းမှာ စုစည်းညီညွတ်အားနဲ့ မယိုင်မလဲခိုင်မြဲစွာ ချီတက်နေကြတဲ့ မန္တလေးမြို့သူမြို့သားတွေကို တော်လှန်ရေးကြီး စကတည်းက လူထုတရပ်လုံး စွဲကိုင်ခဲ့တဲ့ လူထု CDM နဲ့ “ဘူး” သပိတ် (Boycott and Social Punishment) လှုပ်ရှားမှုတွေကို အခုချိန်မှာ အစွမ်းကုန် အရှိန်တင်ပြီး စစ်အာဏာရူးကို သွေးပျက်ခြောက်ခြားအောင် ထိုးနှက်ကြဖို့  ဒေါက်တာ တေဇာစန်းက တိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေရဲ့ အစောင့်အကြပ်နဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကို အကြမ်းဖက်စစ်သား အစောင့်အကြပ်တွေနဲ့ လေယာဉ်ဆီတင်ဆောင်လာတဲ့ ယာဉ်တန်းကို နိုဝင်ဘာ ၄ ရက် နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း ၄  (Monywa The Boys) ထံက သိရပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းမှကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းမှထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကျောင်းရွာ လမ်းပိုင်းအရောက် ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

အနောက်‌မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင် Battalion Of Budalin ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာတဲ့ စစ်ယာဉ် ၁၀ စီးခန့် အား ဇန်နဝါရီ ၉ ရက်က ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံ ဖိုင်ကို Battalion Of Budalin ( မုံရွာခရိုင်တပ်ရင်း ၂၀) မှ ထုတ်ပြန်လိုက်ပါတယ်။