စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ သံပြားကာယာဉ် ၆ စီးကို ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အနီး ရေမျက်လမ်းဆုံမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာက စတင်ပြီး မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ပြည်သူ့ရဲဘော်ကို ယာဉ်ဘေးမှာ ဝပ်နေတဲ့ အကြမ်းဖက်စစ်သားက ပစ်ခတ်တဲ့အတွက်  ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ရပြီး အခြား ရဲဘော် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖရဲသီးသတင်းပေးချက်အရ သေဆုံးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားထဲမှာ တပ်မ ၃၃ နှစ်ပွင့်ဗိုလ်နဲ့ ရွာထောင်ပျူစောထီး ခေါင်းဆောင်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပကဖ Taw Twin Tup Pee Local၊ စစ်ကိုင်းမြို့နယ် ပကဖ မှောင်မဲအဖွဲ့၊ Generation Z Power၊ BRAနဲ့  @Phoe Nix (SGG) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ယောက်သေကာ ၂ ယောက် ဒဏ်ရာရရှိ (ရုပ်သံ)

မကွေးတိုင်း မင်းလှမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ထံက သိရပါတယ်။
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်ပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြန် (ရုပ်/သံ)

အထူးချေမှုန်ရေးတပ်ဖွဲ့ (S.T.F) ရဲဘော်တွေရဲ့ လေ့ကျင်ရေးနဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို ရန်ကုန်တိုင်းစစ်ဌာနက အများပြည်သူများသိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်မြို့နယ် နာရေးဆုတောင်းပွဲကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ တိုက်ခိုက်၊ ပြည်သူ ၂၀ ကျော် သေဆုံးပြီး (၂) လ အရွယ်ကလေးငယ် အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့ ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ရှောင်စခန်းမှာ နာရေးဆုတောင်းပွဲ ပြုလုပ်နေ ချိန် အကြမ်းဖက်စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။