မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က စစ်ဘေးရှောင် ပြည်သူတွေနဲ့ သက်ကြီးရွယ်အို ၇၅၀ ကျော်ကို ဆန်၊ ဆီ၊ အဝတ်အထည်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁၂၂၂) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ်အတွင်း စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၁၄၅ စု ၊ လူဦးရေ ၇၅၄ ယောက်စာအတွက် အမှတ် (၁၂၂၂) တပ်ရင်းရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် (၁၂၂၂) တပ်ရင်းအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမြဲ ကူညီပံ့ပိုးပေးဖို့ ကြိုးစားနေပြီး စစ်ဘေးရှောင်ပြည်သူတွေကို ထပ်မံ လှူဒါန်းပေးနိုင်ဖို့လည်း စီစဥ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်က တော်လှန်ရေးရဲဘော်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ PDF အမှတ် (၁၂၂၂) တပ်ရင်းကို ဆက်သွယ်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို ကူညီလှူဒါန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၂ ယောက် မျက်မြင်သေပြီး ၁၁ ယောက်ခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က မျက်မြင် ၂ ယောက် သေပြီး ၁၁ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ် အပို့ခံထားရတဲ့ ဧရာဝတီတိုင်းက စစ်တပ်တွေ အသေအပျောက် များနေပြီး စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရောက်နေသူတွေ စစ်ကောင်စီ ပို့ပေးနေ…

ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ အဘွားဖြစ်သူကို ဂါရဝပြုခဲ့တဲ့ ကင်အဲရစ် (ခ) ကိုထိန်လင်း

လွတ်လပ်ရေးဖခင်လို့ အများက တင်စားကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၃၆ နှစ်ပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ် (ခ) ထိန်လင်းက ဂါရဝပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။