စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒီဇင်ဘာ ၂၅ ရက် မနေ့က ညနေပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် – ၁ တပ်ရင်းထံက သိရပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး ရဲစခန်းအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁)တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် (၃)တပ်ရင်း အမှတ် (၃)တပ်ခွဲနဲ့ မုံရွာမြို့နယ် ရပ်ကျေး (ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ထွက်လာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ People's Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု ရုပ်သံထုတ်ပြန် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း အများအပြားဖမ်းဆီးရမိခဲ့တဲ့ ဘုတလင်မြို့နယ်က တိုက်ပွဲရုပ်သံကို ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစု ကဒီနေ့ အောက်တိုဘာလ ၃ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအမည်ခံ လုပ်စားနေသည့်အဖွဲ့များကို အရေးယူသွားမည်ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ ပြောကြား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း ‌တော်လှန်ရေးကို ပုံရိပ်ကျစေတဲ့ PDF အမည်ခံပြီး ဓားပြတိုက်ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေကို အရေးယူသွားမယ်လို့ ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန်ခံ ရဲဘော် ကိုဇီးက ပြောပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်‌ပေါင်းစုတွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) က ဒီနေ့ အသိပေးထုတ်ပြန်ထားပါတယ်။