မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၅ရက်၊ ဒီနေ့ မနက်ပိုင်းမှာ မြိုင်မြို့ စက်မှု ၂ထဲ အခြချနေတဲ့ စစ်အုပ်စုတွေက ဝက်ပုတ်ကျေးရွာကို သေနတ်တွေ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ခံရသည့် ဝက်ပုတ်ကျေးရွာကို အဝေးမှ မြင်ရစဉ် (ဓာတ်ပုံ CJ)
မီးရှို့ခံရသည့် ဝက်ပုတ်ကျေးရွာကို အဝေးမှ မြင်ရစဉ် (ဓာတ်ပုံ CJ)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့က မြိုင်မြို့ အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကွပြည်သူ့စစ်ရွာကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုတွေ ထိခိုက်သေဆုံးခဲ့သလို မြိုင်မြို့ စက်မှု ၂ထဲ ထွက်ပြေးသွားကြသူတွေလည်း ရှိခဲ့ပါတယ်။

အထိနာသွားတဲ့ ပျူစောထီးနဲ့ စစ်ကောက်စီတပ်ဖွဲ့ဝင်တွေက တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကသိမ်းဆည်းရရှိထားတဲ့ ဝက်ပုတ်ရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးမီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့မနက် ၁၀နာရီလောက်မှာ မြိုင်စက်မှု ၂ကနေ အင်အားအလုံးအရင်းနဲ့ ဝက်ပုတ်ရွာကို မီးဝင်ရှို့တာပါ။ ၁၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဝက်ပုတ်က ပြီးခဲ့တဲ့ ၈လပိုင်းကတည်းက တော်လှန်ရေးအင်အားစုတွေ သိမ်းထားတာပေါ့နော်။ စစ်ကြောင်းဝင်ပြီဆိုတော့ အခြား ပတ်ပတ်လည်ရွာတွေက အထုပ်ဆွဲပြီး ပြေးရတာပါပဲ။ နီးစပ်ရာ ဆွေမျိုးရွာတွေ၊ တောတွေတောင်တွေထဲရှောင်နေရတာပေါ့နော်။ စစ်ရှောင်အရေအတွက်က ၂ထောင်ဝန်းကျင်လောက်ရှိပါမယ်။ စစ်အုပ်စု ရွာထဲဝင်တော့ တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့မှုတွေရှိတယ်လို့ သိရပါတယ်။” လို့ မြိုင်ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေစဥ် (ဓာတ်ပုံ CJ)
စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေစဥ် (ဓာတ်ပုံ CJ)

စစ်အုပ်စုကြောင့် လက်ရှိမှာ ဝက်ပုတ်ရွာအပါအဝင် ချောင်းဦးတို ၊ အိုင်းမ ၊ ကုန်းရွာ ၊ ဆိတ်သာ ၊ ကျွဲတွင်းနဲ့ ဝါးရင်းချိုင် စတဲ့ ကျေးရွာတွေက အရပ်သား ၂ထောင်နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 
Read More

Spring Warriors Column က တန်ဆောင်တိုင်အမှတ်တရ အားကစားပြိုင်ပွဲတွေ ပြုလုပ်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ ၊ Spring Warriors Column (ရိုးမဗျူဟာ) - P 27001 က တန်ဆောင်တိုင်အမှတ်တရ အားကစား ပြိုင်ပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

OWIC ကတ် ပြန်ထုတ်ပေးမည်ဟု စစ်ကောင်စီ ကြေညာ

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို လာမယ့် မတ်လ ၂၀ ရက်ကစပြီး ထုတ်ပေးသွားမယ်လို့  စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကနေ မတ်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလာပါတယ်။
Read More

ကျိုက်ထိုမှာ WY မူးယစ်ဆေးပြား ရောင်းဝယ်ရင်း တော်လှန်ရေးသတင်း ထောက်လှမ်းနေတဲ့ ရဲသတင်းပေးကို ပကဖ ဖမ်းဆီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က WY မူးယစ်ဆေးပြားရောင်းဝယ်ရင်း တော်လှန်ရေးသတင်းထောက်လှမ်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲသတင်းပေးကို ဖမ်းဆီးလိုက်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့်မြို့များမှ အခြေခံပညာစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် CDM ဆရာ၊ ဆရာမ ၅၀၀ ဦးနှင့် ဆရာ၊ ဆရာမ အသစ် ၁၀၀၀ ဦး ခေါ်ယူမည်…

တအာင်းတပ်မတော် TNLA ရဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) က လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TNLA စိုးမိုးနယ်မြေက အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ ခေါ်ယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါတွင် ရပ်ကျေးပအဖ တာဝန်ခံ ၁ ဦး စစ်ကောင်စီနှင့် ပူးပေါင်းသွားပြီး အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ရပ်ကျေးပအဖ တာဝန်ခံကြောင့် အရပ်သားနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးအလင်းရောင်က မောင်းကို ပြောပါတယ်။