ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ရောင်းချနေမှုတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာတချို့ကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်
စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်
စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်

“ကျနော်တို့ သတိပေးထားတာ ၂၀၂၁ ထဲကပါ။ အဲ့တုန်းကတော့ ဈေးဆိုင်တွေက မရောင်းကြတော့ဘူး။ အခုနောက်ပိုင်းမှာ ပြန်ရောင်းလာကြလို့ အခုလို သတိပေးရတာပါ။ ပြည်သူတွေလည်း စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲကြဖို့ တောင်းဆိုပါတယ်။” လို့ ရဲဘော်ဒူးယားက မောင်းကို ပြောပါတယ်။

ရှေ့ဆက်ပြီးတော့လည်း အခုလို စစ်တပ်ထုတ်ကုန်တွေကို ရောင်းချနေတဲ့ ဈေးဆိုင်တွေကို အလျဉ်းသင့်သလို ဝင်ရောက်ဖျက်ဆီး အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်
စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်
စစ်တပ်ထုတ်ကုန်များကို အရေးယူ ဖျက်ဆီးနေစဉ်
0 Shares:
You May Also Like
Read More

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက် KNDF ထံ လက်နက်နဲ့ အလင်းဝင်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် ၃၄ က ထုတ်ပြန်ထားပါတယ်။    
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြို ပကဖ လိုက်လံရှာဖွေပြီး ဆုငွေချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေကာ ဆုငွေ ၁၅ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ရေစကြို ပကဖ ဆီက သိရပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်ရဲ့ ဖိအားပေးမှုဖြင့် TNLA နှင့် အကြမ်းဖက်စစ်ကောင်စီ ကူမင်းမှာ တွေ့ဆုံမယ်…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ရဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ စီစဉ်မှုအရ အကြမ်းဖက်စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ရောက်ရှိနေပြီဖြစ်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။