ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်​ကြီး၁ယောက်နဲ့ တပ်သားဖြစ်သူတို့ သရက်ခရိုင် အမှတ် ၄တပ်ရင်းထံ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ထိုက်သင့်တဲ့ဆုကြေးငွေတွေ ချီးမြှင့်သွားမယ်လို့ တပ်ရင်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​

အထက်ပါ စစ်ကောင်စီဘက်တော်သား ၂ ယောက်ဟာ MA3 သေနတ် ၁လက်နဲ့အတူ ပစ္စတို ၁ လက်၊ အီနာဂါဗုံးသီး ၁ လုံး၊ ဆက်စပ်ကျည်ဆံတွေယူဆောင်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊   သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အလင်းဝင်ရောက်လာတာလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ရက်နေ့က စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်ကြီးနဲ့ တပ်သားတို့ သရက်ခရိုင်် အမှတ် ၄ တပ်ရင်းထံ အလင်းဝင်ရောက်နေစဥ်
ဒီဇင်ဘာ ၂၃ရက်နေ့က စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်ကြီးနဲ့ တပ်သားတို့ သရက်ခရိုင်် အမှတ် ၄ တပ်ရင်းထံ အလင်းဝင်ရောက်နေစဥ်

အလင်းဝင်ရောက်လာသူတွေကို တပ်ရင်းဘက်က အဆင့်ဆင့် သွားရောက်ခေါ်ဆောင်ခဲ့ရပြီး လက်ရှိမှာတော့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးရင်း လက်ခံထားသလို ဆုကြေးငွေတွေ ပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

“သူတို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်က သူတွေပေါ့။ နပခဆိုပေမယ့် သူတို့ရောက်နေတာက တောင်ကုတ်ပေါ့နော်။ ဒီအပိုင်းတွေနဲ့ပက်သက်လို့သိပ်မေးမထားရသေးလို့ ပြောလို့မရသေးပါဘူး။” လို့ သရက်ခရိုင် အမှတ် ၄တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။​

ရခိုင်နဲ့ ချင်း အပါအဝင် စစ်မျက်နှာစုံမှာ ရှုံးနိမ့်နေသလို လူမျိုးတုံးသတ်ဖြတ်မှုအတွက် ICC ဖမ်းဝရမ်းထုတ်ခံရမယ့် အခြေအနေဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်မှာ တာဝန်မထမ်း​ဆောင်ချင်တော့ဘဲ ပြည်သူ့ဘက် မျက်နှာမူမယ့်သူတွေကို လက်ကမ်းကြိုဆိုနေတယ်လို့လည်း သရက်ခရိုင် အမှတ် ၄တပ်ရင်းက ထုတ်ပြန်ထားပါသေးတယ်။

ဒီဇင်ဘာ ၂၃ရက်နေ့က စစ်ဘက်ရေးရာလုံခြုံရေးတပ် (နပခ) က တပ်ကြပ်ကြီးနဲ့ တပ်သားတို့ သရက်ခရိုင်် အမှတ် ၄ တပ်ရင်းထံ အလင်းဝင်ရောက်နေစဥ်
အလင်းဝင်လာသူများနှင့် တစ်ပါးတည်းပါလာသည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြား ကျေးရွာများမှ မီးဘေးသင့်စစ်ရှောင်ပြည်သူများကို အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေး

မကွေးတိုင်း၊ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာတွေက မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်တွင်းပြည်ပပြည်သူတွေရဲ့ ထောက်ပို့ငွေတွေထဲကနေ အရေးပေါ် ဆန်၊ဆီ၊ စားနပ်ရိက္ခာတွေနဲ့ အဝတ်အထည်တွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့ ကာကွယ်ရေးနှင့် တော်လှန်ရေးအတွက် တပ်ဖွဲ့နှင့် ကင်းကွာနေသည့် ရဲဘော်များ ပြန်လည်လက်တွဲရန် မိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ဒီဇင်ဘာလ နောက်ဆုံးထားပြီး ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီများနှင့် စစ်အုပ်စုလက်အောက်ရှိ Non – CDM ဝန်ထမ်းများ အပြီးပိုင်ထွက်ခွါခဲ့ကြရန် နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း ဆားလင်းကြီး ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေအပါအဝင် စစ်ကော်မရှင်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေမှာရှိတဲ့ ပုဂ္ဂလိက Non - CDM ဝန်ထမ်းတွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ပူးပေါင်းကြဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် ပုဂ္ဂလိက Non - CDM ဝန်ထမ်းများစီမံခန့်ခွဲရေးကော်မတီထံက သိရပါတယ်။
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။