၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 

အရှေ့မြောက်တိုင်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီအနေနဲ့ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ထပ်မံ ကျဆုံးတော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့  နိုင်ငံတော်အဆင့် အခြေပြု ခရစ္စမတ်မိန့်ခွန်း ဆုတောင်းစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ထက်မနည်းကို ဆုံးရှုံးထားရပြီလို့လည်း ဆိုပါတယ်။

အဲဒီမြို့တွေက စစ်ကောင်စီလက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်သလို မကြာခင်မှာလည်း နောက်ထပ် တိုင်းစစ်ဌာနတွေ ကျဆုံးမယ့် အခြေအနေ ရောက်ရှိနေပြီဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်ပါတယ်။ အဲဒီအတွက်လည်း ရည်မှန်းထားတဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့သော ဇွဲလုံ့လနဲ့ အားစိုက်ကာ ကြိုးစားသွားရမှာ ဖြစ်ပါတယ် “ လို့ယာယီသမ္မတက ဆိုပါတယ်။

အခုလို ခရစ္စမတ် အချိန်အခါသမယမှာ  ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပြီး မေတ္တာတရားတွေ လွှမ်းခြုံတဲ့ နွေးထွေးမှုနဲ့ လွတ်လပ်မှုတို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြကာ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့  ယာယီသမ္မတက ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မော်လိုက်မြို့နယ်ရှိ စစ်တပ်နှင့်ပျူ ပူးပေါင်းအထိုင်ချထားသည့် ထော်သာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းအထိုင်ချထားတဲ့ ထော်သာစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

တောင်သာ – မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ၂ ရက်ကြာ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

စစ်ကောင်စီရဲ့ ပခုက္ကူ – မြိုင် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်းအတွင်း ပခုက္ကူ - မြိုင်အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေးအဖြစ် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းကို မလိုအပ်ဘဲ ခရီးမသွားဖို့ တနင်္သာရီ စစ်ဗျူဟာ အသိပေး

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမှာ စစ်ကောင်စီက ပြည်သူတွေကို လူသားတံတိုင်းပြုလုပ်လာနိုင်တာကြောင့် ခရီးသွားလာခြင်းတွေကို ရှောင်ရှားဖို့ တနင်္သာရီတိုင်း စစ်ဌာနဗျူဟာ ၃၅ က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်းရှေ့က အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးပြီး ၃‌ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ People Defence Force Thandaung (တောင်ငူခရိုင်၊ တပ်မဟာ(၂) တပ်ရင်း(၅) လက်အောက်ခံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။