နိုင်ငံကာကွယ်ရေးတာဝန်ဟာ  နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတိုင်း ယောကျာ်း၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရဖို့ တာဝန်ရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ)စစ်ရေးပြကွင်းတွင်ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ မင်းအောင်လှိုင်ကပြောကြားလိုက်တာပါ။

မင်းအောင်လှိုင် တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ စကားရပ်ကို အလွဲသုံးစားလုပ်ကာ ၎င်းရဲ့ စစ်တပ်မှာ အားဖြည့် အသက်မရွေး ကျားမရွေး လိုအပ်တယ်လို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများဟာ  မြန်မာ့လွတ်လပ်ရေးသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများ နှင့် ရင်ပေါင်တန်းပြီး စွန့်လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့်စားမှုများဖြင့် ပါဝင်ခဲ့ကြတယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

နိုင်ငံတစ်ဝန်း စစ်မှုထမ်းဖို့ အသက်အရွယ် ကျားမ မရွေးဖမ်းဆီးကာ စစ်သားအင်အားစုဆောင်းနေတဲ့ မင်းအောင်လှိုင်က အမျိုးသမီးတွေကိုလည်း စစ်မှုထမ်းဖို့ လိုအပ်ခြင်းဖြစ်တယ်လို့ဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့  နိုင်ငံကာကွယ်ရေးတာဝန်အပြင် အမျိုးသားနိုင်ငံရေးတာဝန်ကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း ၊ တပ်ပြင် စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန်လိုအပ်ပြီး စစ်ကောင်စီတပ်သားများနဲ့ မိသားစုဝင်များ စုစည်းညီညွတ်ရန် အထူး လိုအပ်တယ်လို့လည်း မင်းအောင်လှိုင်ကဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့ မင်းအောင်လှိုင်ဟာ စစ်အာဏာသိမ်း ၃နှစ်ကျော်ကာလအတွင်း တပ်တွင်းအင်အားပြုန်းတီးလာခဲ့ပြီး အရပ်သားပြည်သူတွေကို စစ်မှုထမ်း ဥပဒေအကြောင်းပြကာ အကြမ်းဖက်ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ နေရာအနှံ့မှာ စစ်ကောင်စီက လုပ်ဆောင်လျက်ရှိပါတယ်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS)၏ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်မှုထမ်းအပတ်စဉ် (၁) မှ (၅) အထိ လူအင်အား ၂၀,၀၀၀ ကျော် စစ်မှုထမ်းစုဆောင်းခံခဲ့ရပြီး သင်တန်းဆင်းများကို ရှေ့တန်းစစ်မျက်နှာပြင်များကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့က စစ်ဆေးဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ လိုအပ်ရင် စစ်ဆရာဝန်တွေပါ တိုက်ပွဲဝင်ဖို့ အသင့်ရှိရမယ်လို့ မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ယခုနှစ် ၉ လအတွင်း အကြမ်းဖက်စစ်တပ်မှအလင်းဝင်သူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်း ၂၀၀၀ ကျော်ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

မန္တလေးတွင် စစ်မှုထမ်း အပတ်စဥ်(၁၂) မဲနှိုက်ဖို့ စစ်အုပ်စုအပေါင်းအပါများ လုပ်ဆောင်နေ 

မန္တလေး​မြို့၊ မဟာအောင်မြေမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူငယ်တွေ စစ်မှုထမ်း မဲနှိုက်ဖို့အတွက် ရပ်ကျေးအာဏာပိုင်တွေက လိုက်လံ​ပြောဆိုနေကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။
Read More

မြိုင်မြို့နယ် သန်းနုတောရွာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်၊ ဒေသခံ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။