ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဆက်လက်စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တပ်တွေ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ယောက်ခန့်သေကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူနေအိမ်အလုံး ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ ပကဖ ရဲ့ အပတ်စဉ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ မှတ်တမ်းရုပ်သံကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ စျာပနကို မန္တလေးမြို့သူမြို့သား ထောင်ချီ လိုက်ပါပို့ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို ဒီနေ့မနက်က မန္တလေး မြို့သူမြို့သားတွေ ထောင်နဲ့ချီကာ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွာငံ-အောင်ပန်းလမ်းပိုင်းမှာ DSNDA ရဲဘော်များ စစ်ဆေးရေးလုပ်နေချိန် ထွက်ပြေးသည့် စစ်ကောင်စီဗိုလ်ကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမဘေး လမ်းခွဲတစ်နေရာမှာ ဧပြီ ၁၁ ရက် ဒီနေ့ မနက်ပိုင်း DSNDA ရဲဘော်တွေ စစ်ဆေးရေးလုပ်ဆောင်နေချိန် ယာဉ် ၁ စီးကို မသင်္ကာတဲ့အတွက် ကားပေါ်က ဆင်းခိုင်းရာ ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
Read More

တောကျွဲအင်းမြို့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (ရုပ်/သံ)

ယနေ့ ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းမှာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်း ၁၄ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက  ယာယီစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ရှိ ရွှေဇာမဏီရွှေဆိုင်ကို သေနတ်ကိုင်လူ တစ်စုက ဓားပြမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃x၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် မနေ့နေ့လယ်ပိုင်းမှာ သေနတ်ကိုင်လူတစ်စုက ဝင်ရောက် ဓား ပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ၂ ပွင့်ဗိုလ်အပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၂ ပွိုင့်ဗိုလ်အရာရှိအပါအဝင် ၈ ယောက်သေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။