မြန်မာစစ်အုပ်စုဟာ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားတယ်လို့ Justice For Myanmar (JFM) က မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။  

ဒါဟာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကနေ  အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တရုတ်ကုမ္ပဏီ AVIC က အားပေးကူညီခြင်း ဖြစ်တယ်လို့ JFM က ဆိုပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့  မြန်မာ့လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်း၊ FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ခြောက်စင်း၊ အမှတ် (၅၉၂၂) အဖြစ် Shaanxi Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း တို့ကို အဓိက ထုတ်ဖော်ပြသခဲ့တာပါ။  

စစ်တပ်က ဝယ်ယူလိုက်တဲ့ ဖော်ပြပါ လေယာဉ်အမျိုးအစာတွေဟာ စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုလေ့ရှိတဲ့ လေယာဉ်တွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာအတွင်း အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၇၄၉ ယောက်ကို သတ်ဖြတ်ခဲ့ပြီး၊ ဒီကျူးလွန်မှုတွေအတွက် စစ်အုပ်စုဟာ အပြစ်ပေးအရေးယူခံရခြင်းကနေ လွတ်ကင်းလျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။ 

AVIC က လေယာဉ်အသစ်တွေ ထပ်မံတင်ပို့မှုဟာ ကုမ္ပဏီအနေနဲ့ စစ်အုပ်စု ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်အားပေးကူညီနေခြင်းလည်း ဖြစ်ပါတယ်။

Justice For Myanmar နဲ့ Info Birmanie တို့ရဲ့ သုတေသနလေ့လာမှုတွေအရ  Airbus နဲ့ AVIC တို့ဟာ ချိတ်ဆက်လျက်ရှိနေတာဖြစ်ပါတယ်။  

မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်မှုတွေချမှတ်ထားတဲ့ ဥရောပကောင်စီ ဆုံးဖြတ်ချက် အမှတ် ၄၀၁/၂၀၁၃ ရှိနေပေမယ့် AVIC ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အပါအဝင် မြန်မာစစ်အုပ်စုထံ လေယာဉ်အစင်းရေ များစွာကို ပေးပို့ထားတာဖြစ်ပါတယ်။ 

ဒါ့ကြောင့်  AVIC ကို မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်တွေ၊ စစ်လက်နက်တွေနဲ့ လေယာဉ်ထိန်းသိမ်းပြုပြင်မွမ်းမံရေးဝန်ဆောင်မှုတွေ ဆက်လက်ရောင်းချပေးအပ်နေမှုအား ရပ်တန့်စေရေးအတွက် Airbus က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်သိမ်းဖို့ ပြည်တွင်းပြည်ပမှာ ဆက်တိုက်တောင်းဆို ဆန္ဒပြလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။  

မကြာသေးမီက သတင်းထုတ်ပြန်ချက်မှာလည်း Airbus ကုမ္ပဏီက AVIC နဲ့ သူတို့ရဲ့ဆက်ဆံရေးကို အထိအခိုက်မခံတဲ့ လုပ်ရပ်တစ်ခုကို ဖော်ပြခဲ့ပါတယ်။

ဖော်ပြချက်တွေအရ “တရုတ်နိုင်ငံပိုင် အရပ်ဘက်လေကြောင်းလုပ်ငန်း၊ လေယာဉ် တည်ဆောက်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများအုပ်စု” ဟု ဖော်ပြခဲ့ပြီး၊ AviChina Industry & Technology Company Limited (AviChina) မှာ သူတို့အနေနဲ့ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါ့ကြောင့်  Airbus ဟာ  AVIC ရဲ့ အဓိကကုမ္ပဏီခွဲတစ်ခုမှာ အကြီးဆုံး နိုင်ငံတကာရှယ်ယာရှင်အဖြစ် ရှိနေမှုက ပေါ်လွင်ခဲ့ပါတယ်။ 

Airbus အနေနဲ့ AVIC နဲ့  ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှု၊ စီးပွားရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မှုတွေဟာ အရပ်ဘက်လေကြောင်းလုပ်ငန်းနဲ့ ဝန်ဆောင်တွေမှာသာ အလုံးစုံ ပူးပေါင်းလုပ်ဆောင်နေတယ်လို့  ကနဦး ပြောဆိုထားပါတယ်။ 

တကယ်တမ်းမှာ စစ်ဘက် ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ အရပ်ဘက် သုတေသန ပေါင်းစပ်လုပ်ကိုင်ရေးအတွက် တရုတ်နိုင်ငံရဲ့ စစ်ဘက် – အရပ်ဘက် ပေါင်းစပ်ခြင်းမူဝါဒ ရှိနေတာကြောင့် AVIC ရဲ့ စီးပွါးရေးလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်တွေကိုသာ ဦးတည်နေတာဖြစ်ပါတယ်။

AviChina မှာ  ရှယ်ယာရှင်ဖြစ်တဲ့  Airbus ဟာ သူနဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေကို စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုတွေမှာ  အလုံးစုံ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင် စိစစ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

နိုင်ငံစုံစီးပွါးရေးလုပ်ငန်းကြီးတွေအတွက် OECD လမ်းညွှန်ချက်တွေ အပါအဝင် စီးပွါးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို တာဝန်ခံလုပ်ဆောင်ရဖို့ Airbus က ပျက်ကွက်နေတယ်လို့လည်း JFM က ထောက်ပြပါတယ်။ 

စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ AVIC နဲ့ မိတ်ဖက်ဆောင်ရွက်မှုအပေါ် Airbus ရဲ့ လက်ရှိ ပျက်ကွက်နေမှုဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်လိုဘဲ နိုင်ငံတကာက စစ်ကောင်စီအပေါ် သတ်မှတ်ထားမြစ်ထားတဲ့ ကိစ္စရပ်တွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ချိုးဖောက်နေခြင်းသာ ဖြစ်တယ်လို့ Justice For Myanmar က ပြောကြားလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

မောင်တောမှာ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ စစ်တပ်ရဲ့ အကြီးအကျယ် ကျရှုံးခန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို အရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပါတယ်။
Read More

ပင်လည်ဘူးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းကို သိမ်းယူနိုင်ဖို့ လမ်းစလား

၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

ထိုင်းနိုင်ငံခေါ်သွားမယ့် ပွဲစားက စစ်တပ်ထဲရောင်းစားခဲ့လို့ ပြန်ထွက်ပြေးလာရသူ

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။
Read More

နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၂၇ အပိုင်း (၂) စစ်ဆင်ရေးအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။
Read More

KK Park စီးနင်းမှုအပြီး လွတ်မြောက်ခွင့်ထက် ဒေါ်လာ ၁,၄၀၀ လစာကို ရွေးချယ်သွားသည့် ‘ကျားဖြန့်’ ဝန်ထမ်းများ

ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်တာနက် လိမ်လည်မှုဂိုဏ်းတွေထဲက တခုကို ဝင်ရောက်စီးနင်းဖမ်းဆီးမှုတွေ ဖြစ်သွားပြီးတဲ့နောက်ပိုင်း အဲဒီနေရာတွေကနေ ထွက်ပြေးလာတဲ့ ဝန်ထမ်းတွေဟာ အနီးအနားက တခြား "ကျားဖြန့်" လုပ်ငန်းတွေမှာ အလျင်အမြန် ပြန်ပြီး အလုပ်ဝင်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဝန်ထမ်းအပြိုင်အဆိုင် စုဆောင်းမှုတွေ ဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေနဲ့ အတွင်းလူတွေရဲ့ အဆိုအရ သိရပါတယ်။