မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ထီးလင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ခရိုင်တပ်ရင်းတွေက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေအပြင် စားသောက်ဖွယ်ရာတွေနဲ့ တည်ခင်းဧည့်ခံပြီး စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ရာမှာ ဘေးအန္တရာယ်ကင်းစေဖို့ ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးရဲဘော်တွေကလည်း ပြည်သူနဲ့ လက်တွဲညီညီ ဆက်လက်တော်လှန်သွားမှာဖြစ်ပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လက် ပေးကြဖို့ ပြည်သူတွေကို ပြန်လည်တင်ပြခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေအနေနဲ့ နိုဝင်ဘာ ၂၈ ရက်က ထီးလင်းမြို့ကလာတဲ့ အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါ ၈ ယောက် သေဆုံးပြီး ၉ ယောက် ပြင်းထန်ဒဏ်ရာရကာ ပျူစောထီး ၁ ယောက် အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းမှာ စစ်တပ်စစ်ကြောင်း အသင့်စောင့်ဆိုင်းတိုက်ခိုက်ခံရလို့ ဗိုလ်ကြီးအပါ ၁၀ ယောက်ကျော်သေပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ထိခိုက်သေဆုံးသူ များခဲ့ကြောင်း သိရပါတယ်။
Read More

ရန်ကုန်မြို့ပြ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နေသည့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ရှိ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ရဲဘော်(၂) ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားကြောင်း အဆိုပါသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်သွားသူတွေကို မုံရွာ ပလဖ တစ်ရက်အတွင်း ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။