ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF တပ်ရင်း – P29909 ၊ တပ်ခွဲ(၃) Tiger Dragon Revolution Force မိုင်းထုတ်လုပ်ဖောက်ခွဲရေးနဲ့ တိုက်ခိုက်ရေးတပ်ခွဲ၊ တပ်ခွဲမှူးက အပတ်စဉ် တနင်္လာနေ့တိုင်း တပ်ခွဲရှိ ရဲဘော်တွေကို တန်းစီလူစစ်ဆေးခြင်းနဲ့ ဝတ်စားဆင်ယင်မှုစစ်ဆေးခြင်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ခွဲက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

သပိတ်ကျင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ဦး သေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီနေ့ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။ အဆိုပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံပြန့်ကျေးရွာက အပြစ်မဲ့ပြည်သူ ၂ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ ၃ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွာငံမှာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးနင်းရာ သေနတ် ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရေလှကျေးရွာက ပျူစောထီးခေါင်းဆောင်ဆိုသူ ဌေးလွင်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်  ၁ လက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်မည့် လွှတ်တော်သုံးရပ် မဲဆန္ဒနယ် ၁၂၁ ခုစာရင်း ကြေညာ

အာဏာသိမ်းစစ်အုပ်စုက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါစာရင်းထဲမှာ အာရက္ခတပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတချို့ ပါဝင်လာခြင်း မရှိပါဘူး။ အဆိုပါထုတ်ပြန်ချက်ကို စစ်တပ်ဟာ သူတို့ရဲ့ လက်အောက်ခံ သတင်းမီဒီယာတွေကတဆင့် မနေ့က စက်တင်ဘာလ ၁၄ ရက်မှာ အတိအလင်း ကြေညာလာတာပဲ ဖြစ်ပါတယ်။
Read More

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကြောင်းထိုးလို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေထဲက အိုမကျေးရွာကို စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။