ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ ဒီနေ့ ဒီဇင်ဘာ ၂၃ရက် မနက်ပိုင်းက ခရီးသွားပြည်သူတွေကို PDF ရဲဘော်တွေက လက်ရှိဖြစ်ပွားနေတဲ့ တော်လှန်ရေးအခြေအနေတွေနဲ့ တိုက်ပွဲဖြစ်ပွားလာနိုင်မှုတွေကို ကွင်းဆင်းအသိပေးခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။

မိဘပြည်သူတွေအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မလိုအပ်ဘဲ ခရီး မသွားကြဖို့၊ ညအချိန်မတော် အပြင်ထွက်တာ မလုပ်ကြဖို့၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကားကို ရှေ့ဆက်တိုး မမောင်းနှင်ဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အသိပေးတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေးကာလ ၄ ပြည့်တော့မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ Natogyi People Defence Force က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

သာစည်အကျဉ်းထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာ သာစည်ထောင်က စစ်ကောင်စီလက်အောက်ခံတွေနဲ့ ရဲကင်းကို စက်တင်ဘာ ၂၃ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

အသံတိတ်သပိတ်တွင် တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် ဒေါက်တာဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

"Silent Strike အပြင်မထွက် အသံတိတ်သပိတ် ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြ” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုတိုက်တွန်းထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က နေ့ခင်းကြောင်တောင် အတင်းအဓမ္မ စစ်သားစုဆောင်းနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး အကြမ်းဖက်စစ်တပ်က မြို့ရွာတွေပေါ်မှာ အတင်းအဓမ္မ စစ်သားစုဆောင်းမှုတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာပါတယ်။
Read More

မိုးကုတ်မြို့ခံများ အကြမ်းဖက်စစ်တပ်ကို လက်မခံကြောင်း သံပုံးတီး ဆန္ဒပြ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ နိုဝင်ဘာ ၆ ရက် မနေ့ည ၈ နာရီဝန်းကျင်ခန့်မှာ မြို့ခံ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီကို လက်မခံနိုင်ကြောင်း သံပုံးတီးဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။