ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ၊ ဗျူဟာ ၄၇ စစ်ကြောင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်း (People’s Defence Army) ရဲဘော်တွေက လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ၊ ကတုတ်ကျင်းတွေ ထပ်မံအားဖြည့် လုပ်ဆောင်နေတယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးဂရုစိုက်ကာ လိုအပ်တဲ့ အကာအကွယ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ယင်းမာပင်ခရိုင် အမှတ် ၃၅ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်တလင်းတွင် အကြမ်းဖက်ဂိတ်စခန်းကို PDF ဝင်ပစ်ရာ စစ်အုပ်စု ကြောက်လန့်တကြား ထွက်ပြေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပျူစောထီးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုတွေ ကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၁) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေသည့် နေရာကို စစ်အုပ်စု စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်ကသီတင်းကျွတ် ဆီမီးထွန်းပွဲ ပြုလုပ်နေတဲ့နေရာကို အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ များခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) မှ ဦးစီးဖွင့်လှစ်သည့် အခြေခံ/အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/၂၀၂၅ ) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဦးစီးဖွင့်လှစ်တဲ့ အခြေခံ / အထူးစစ်ဆင်ရေးသင်တန်း အပတ်စဉ် (၂/ ၂၀၂၅ ) သင်တန်းဆင်းပွဲကို ဇူလိုင်လ ၁၇ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။