စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာမှာ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းက ဝမ်းပြည့်ကျေးရွာအနောက်ဘက် ရေဦးဆီဆိုင်ကနေ အင်အား ၁၅ ယောက်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးရဲဘော်တွေက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၄ ယောက် သေကာ ၂ ယောက်   ထိခိုက်ဒဏ်ရာရရှိသွားပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြင်းမူမြို့ကနေ အကြမ်းဖက်စစ်သားအင်အား အများအပြားနဲ့ စစ်ကူရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ 

အဲဒီစစ်ဆင်ရေးကို စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တပ်ရေးဗိုလ်ကြီး ကွပ်ကဲပြီး People’s knight Defense Force Myinmu (PKDF-MMU) နဲ့အတူ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်း တပ်ခွဲ ၂၊ စစ်ကိုင်းခရိုင် အမှတ် (၇)တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

အမှတ်-၁ စစ်ဒေသ မင်းဘူးခရိုင်အမှတ်-၂တပ်ရင်းမှာ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မန္တလေးမြို့ ရှိ ငလျင်ဒဏ်သင့် မြဝတီသီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့  ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်ရှိ ငလျင်ဒဏ်သင့် မြဝတီ သီလရှင်စာသင်တိုက် ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ရဲကား ၁ စီး၊ အိမ်စီးကား ၂ စီးနဲ့ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ယောက်သေ (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၉ မှာ မတ်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရဲကား ၁စီး၊ အိမ် စီးကား ၂ စီးနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက် ခဲ့ရာ ၅ ဘောက်သေခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းကျင်းပပြုလုပ် (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အပတ်စဥ်(၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနားမှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (MOD)မှ ထုတ်ပြန်ထားပါတယ်။