လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ဆိုးရွားစွာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်က စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ကျင်းပတဲ့ ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မင်းအောင်လှိုင်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ မနေ့က ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ခရစ်ယာန်ဘာသာဝင်အများစုရှိရာ ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

နိုင်ငံရေးအရ တောင်းဆိုလိုတာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ရနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်လို့ မင်းအောင်လှိုင်က ဆိုခဲ့ပြန်ပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းရင် လွတ်လပ်ပေမယ့် မငြိမ်းချမ်းတဲ့အခြေအနေကို ပေါ်ပေါက်စေမယ်လို့လည်း လွတ်မြောက်နယ်မြေတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်တဲ့သဘောပါတဲ့ စကားမျိုး ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ အခု ၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံရေးနဲ့ ဆွေးနွေးအဖြေရှာဖို့သာ ဖိတ်ခေါ်တယ်လို့ ပြောကြားမှုဟာ ၃ကြိမ်ထက်မနည်းရှိလာပြီ ဖြစ်ပါတယ်။

လက်နက်အားကိုးပြီး တိုင်းပြည်ကို စစ်အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်က လက်နက်နဲ့ ဖြေရှင်းခြင်းဟာ ကောင်းမွန်တဲ့ရလာဒ်ထွက်ပေါ်လာမှာ မဟုတ်ဘူးလို့လည်း အကြိမ်ကြိမ်ပြောဆိုလျက်ရှိနေတာပါ။

မင်းအောင်လှိုင်အနေနဲ့ အခုလို တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခြင်းဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ နီးကပ်လာချိန် နိုင်ငံတကာက သတိထားမိစေဖို့ နိုင်ငံရေးအရ စေတနာမပါတဲ့ ဟန်ဆောင်ဖိတ်ခေါ်မှုသာဖြစ်တယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

PDF နည်းဗျူဟာ (၃၃) နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ (၃၃)နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းလိုက်ပြီလို့ ဒီနေ့ ဩဂုတ်လ ၂၇ရက်မှာ သက်ဆိုင်ရာ တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများကို အရေးယူမည်ဟု MSFC ထုတ်ပြန်

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃) ရက်နေ့ ရက်စွဲနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားကို ထုတ်ပြန်ပြီးဖြစ်သလို တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေကို အရေးယူသွားမယ်လို့လည်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။