မကွေးတိုင်း၊ မြိုင်က သရက်ကွရွာ ပျူစောထီးစခန်းကို တိုက်ခိုက်မှုမှာ စစ်ဗိုလ်အဆင့်အပါအဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန် မှစ၍ နှစ်ဖက်အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ရုပ်သံနဲ့အတူ စစ်ကောင်စီဘက်က ရာနဲ့ချီတဲ့ စစ်ကူတွေ ပို့လွှတ်ခဲ့တဲ့ကြားထဲကနေ စခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြိုင်မြို့မှ စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အဆိုပါတိုက်ပွဲတွေမှာ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာ-မိတ္ထီလာလမ်းပေါ်က ရုံးစဉ်ကြီးရဲစခန်းကို စီးနင်းတိုက်ခိုက်မှု ရဲ ၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာလမ်းပေါ်မှာရှိတဲ့ ရုံးစဉ်ကြီးရဲစခန်းကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ တောင်သာ ပကဖ ထံက သိရပါတယ်။
Read More

ရေတိုက်စားမှုကြောင့် မိတ္ထီလာ-ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတားပျက်စီး (ရုပ်/သံ)

မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပေါ်ရှိ တံတား ၁ စင်း ရေတိုက်စားမှုကြောင့် ပျက်စီးသွားပြီး လမ်းပိတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မူဆယ်မြို့ရှိ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင် (ရုပ်/သံ)

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စွမ်‌စော်ရပ်ကွက်မျာ မီးရှုးမီးပန်းသိုလှောင်ရုံမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ ယနေ့ အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၄ လမ်းမှာ မီးလောင်မှုဖြစ် ပွားခဲ့ပြီး အုပ်ချုပ်မှုယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၁ နာရီကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

စလင်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။
Read More

လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် ​မြန်မာအတုအယောင်ရွေးကောက်ပွဲအသိမပြုရန် တရုတ်ဘာသာစကားဖြင့် ဆန္ဒထုတ်ဖော် (ရုပ်/သံ)

လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ စစ်ကော်မရှင်က ပြုလုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို တရုတ်အစိုးရအနေနဲ့ အသိအမှတ်မပြုဖို့ လန်ဒန်ရောက် မြန်မာနိုင်ငံသားတွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။