အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာဂိုယာမြို့ Yabacho ပန်းခြံကနေ စတင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

“အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု့နဲ့ ICC တရားရုံးက အမြန်ဆုံးအတည်ပြုပေးပို့ တောင်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာရှိတဲ့ မီးရထားဘူတာနားက Yabacho ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်အောင် ပြုလုပ်ခဲ့တာပါ။ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် နံပတ် ၁ အချက်အနေနဲ့ ၂၀၂၅မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရ ဖြစ်သွားမယ်။ နောက်တစ်ချက်က တရုတ်က မင်းအောင်လှိုင်ကို ဆက်ဆံရေးတွေ လျော့ကျသွားမယ်။ မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း စစ်တပ် တပ်တွင်းမှာ ပြိုကွဲမှုတွေဖြစ်နိုင်တာမို့ အခုလိုပွဲကို စီစဉ်လုပ်ဆောင်ခဲ့တာပါ” လို့ ဆန္ဒပြပွဲစီစဥ်သူ အိုမိုတာမွန်ချီက မောင်းကိုပြောပါတယ်။

ဂျပန်ရောက်မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူရှိနေတယ်ဆိုတာ ပြသတာလည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဆန္ဒပြနေကြသလို ဒီနေ့တစ်ရက်တည်းမှာပဲ တိုကျိုမြို့မှာလည်း မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီအပေါ် ကူညီနေတဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမှာ လျှပ်စီးတပ်ခွဲစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ လျှပ်စီးတပ်ခွဲစခန်းကို လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကြောင့် ပေါက်အရှေ့ခြမ်းရှိ အရပ်သားပြည်သူများ မိုးရေထဲ စစ်ရှောင်နေရ

"ဝါယမက ညောင်ဂျစ်ပင်ရွာ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ပါ။ ပျူစောထီးခေါင်းဆောင်ပါ။ အာဏာမသိမ်းခင်ကတည်းက မဘသဘုန်းကြီးပါ။ အမေစု မုန်းတီးရေး တရားဟောတယ်။ အာဏာသိမ်းတာကို ထောက်ခံကြောင်း အဦးဆုံးပြောတဲ့ဘုန်းကြီးပါ။ ညောင်ဂျစ်ပင်နဲ့ အခုတော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ ရေလာလေးကို သူခေါင်းဆောင်တယ်။ စခတွေပျူတွေကို သူ့ကျောင်းမှာ ထားတယ်။ ပခုက္ကူ-ကမ္မ-ပေါက်လမ်းပိုင်းမှာ ငွေညှစ်တယ်။ မရရင် ဖမ်းတယ်" လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။