မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံမှာ ဒီဇင်ဘာ ၂၀ ရက်က  အမ်းမြို့ကို စစ်ကူသွားမယ့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ ရှေ့ပြေးကင်းထောင်စစ်ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ရှေ့ပြေးကင်းထောက်စစ်ကြောင်းမှာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၃၂ ယောက်ရှိတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွါးနေချိန် ရန်အောင်မြေဘုရားကုန်းကနေ ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့သလို စပ်စီဘုန်းကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ကပစ ၁၀ က ယာဉ် ၄ စီးနဲ့ နှစ်ဘက်ညှပ်ကာ စစ်ကူအင်အားဖြည့်တင်းလာတဲ့အတွက် နယ်မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၄ ယောက်သေပြီး ဗိုလ်ကြီးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိသွားသလို အရှိုချင်းကာကွယ်ရေးတပ် ရဲဘော် ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိသားစုနှင့် ပြန်ဆုံဖို့ CDM မှာ ပါဝင်စို့ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်တပ်ထဲ ရောက်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြတဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်း ပြည်သူ့စစ် ၃ ယောက်ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန နည်းဗျူဟာ (၂၉) အပတ်စဉ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

စက်လှေ ၂ စီးနှင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရကာ လှေ ၁ စီး နစ်မြုပ်ပြီး အများအပြား သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်အတွင်း ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး လှေ ၁ စီးနစ်မြုပ်သွားကာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းအနီး စိုက်ကွင်းတွေမှာ စပါးရိတ်သိမ်းနိုင်ဖို့ ပြည်သူတွေကို မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်း ပျူစခန်းအနီးမှာ ပြည်သူတွေ စိုက်ပျိုးထားတဲ့ လယ်ယာတွေကို ရိတ်သိမ်းနိုင်ဖို့ တော်လှန်‌ရေးတပ်ဖွဲ့တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်‌ပေးခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။