ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်က ဂွမြို့ ကို အာရက္ခတပ်တော် AA က လက်ရသိမ်းဆည်းနိုင်ဖို့ အနီးစပ်ဆုံးကို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဒီဇင်ဘာ ၂၁ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဂွမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧရာ၀တီတိုင်းဘက်သို့ ကစဉ့်ကလျားထွက်ပြေးနေပြီး AA က စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့ဟာလည်း မကြာခင်ရက်တွေအတွင်း ကျိန်းသေလက်လွှတ်ဆုံးရှုံးရတော့မယ့် အာရက္ခဒေသရဲ့ တောင်ဖက်အကျဆုံး မြို့ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေလည်း ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်တွေကို အရှိန်အဟုန်မြှင့်နေပြီး စစ်ကောင်စီကလည်း နေရာစုံကနေ စစ်ကူတွေပေးပို့နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တောင်ကုတ်၊ အမ်း၊ မောင်တောနဲ့ ဂွ မြို့လေးမြို့အနက် ၃ မြို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး လက်ရှိအချိန်မှာ ဂွတစ်မြို့ တစ်ခုသာ ကျန်ရှိတော့တာဖြစ်ပါတယ် 

စစ်ကောင်စီတပ်ဟာ ဂွမြို့ရှိ ကျေးရွာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးနေတယ်လို့ သိရပါတယ်။

ဂွ ရဲ့ ကမ်းနားပိုင်း နဲ့ မြို့ပေါ်တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းနဲ့ အနီးကပ်ဆုံးနေရာကို ရောက်ရှိလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ် နဲ့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်အထိ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆောမြို့နယ်က ဆီပေပါ သိုလှောင်ရုံကို စစ်အုပ်စုကလေကြောင်းမှ တိုက်ခိုက်၊ စက်သုံးဆီ ပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့…

"ဆီပေပါတွေက အဲ့မြို့နားတစ်ဝိုက် ရောင်းချနေတဲ့သူတွေ သိုလှောင်ထားတဲ့ ပေပါတွေပါ၊ PDF နဲ့ မဆိုင်ပါဘူး၊ မကြာခဏဆိုသလို အတင်၊အချတွေတော့ ရှိပါတယ်" လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက မောင်းသတင်းဌာနကို ပြောပါတယ် ။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေမရှိပေမယ့်လည်း ယာယီတဲတစ်လုံး နဲ့ စက်သုံးဆီပေပါ အလုံး ၈၀ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

တပ်မ ၃၃ ဌာနချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိ၊ ဗဟိုကင်းနှင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီး လိုင်းခန်းတစ်ခုပါ ပြိုကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တပ်မ ၃၃ (ခြေမြန်ဌာနချုပ်) ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပ်သုံးမော်တော်ယာဥ်တွေနဲ့ ဗဟိုကင်းမီးလောင်ပျက်စီးပြီး သေဆုံးသူ ၈ ယောက်အထိိ ရှိခဲ့ကြောင်း သိရပါတယ်။
Read More

မိဘပြည်သူတိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့‌နေရသည်ကို ဝမ်းနည်းမိဟု လက်သည်တရားခံ မင်းအောင်လှိုင် ပြော

မိဘပြည်သူတိုင်းရင်းသားတွေ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ အဓမ္မစစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ကျရှုံးနိုင်ငံဖြစ်အောင် လုပ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စေတုတ္တရာတွင် စစ်အုပ်စုကို ၂ ရက်တာ ဒရုန်းဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စုအဖွဲ့ဝင် ၂၀ ခန့် သေဆုံးကာ ဗိုလ်ကြီးအပါ အများအပြား ဒဏ်ရာရ

ကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စေတုတ္တရာမြို့နယ် NUG ထံက သိရပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။