မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းက ဆိပ်ဖြူမြို့နယ်၊ အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းထဲမှာရှိတဲ့ F လိုင်းခန်း၊ စတိုဂိတ်အနီးမှာ တော်လှန်ရေးအဖွဲ့ဝင်တွေက ပြင်းအားမြင့် တိုက်မိုင်း ၃ လုံး သွားရောက်ထောင်ထားခဲ့တယ်လို့ သိရပါတယ်။
နောက်တစ်နေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာတော့ မိုင်းတွေတစ်လုံးပြီးတစ်လုံးပေါက်ကွဲပြီး ဝန်းထဲရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးခဲ့တာလို့ တကိုယ်တော်ကျားဇိုးက ပြောပါတယ်။
ဒီမိုင်းတွေကို တကိုယ်တော် ကျားဇိုး နဲ့အတူ ပေါက်တောင်ပိုင်း Y.R.F ပကဖ တို့က အတူပူးပေါင်းပြီးသွားထောင်ခဲ့တာလို့လည်း သိရပါတယ်။
” မိုင်းထောင်ခဲ့တဲ့ နေရာက ကပစ၂၂ဝန်း F လိုင်းခန်း၊ စတိုဂိတ်နဲ့ အနီးကပ်အကွာမှာထောင်ခဲ့တာပါ။ ဆိုင်ကယ်စီးရင် ၁မိနစ်လောက်ပဲကြာတယ်။ အဲ့မှာထောင်ခဲ့တာပါ။ လက်ရှိအခြေအနေ အရ ထိခိုက်ဒဏ်ရာ​ရထားတဲ့အထဲစိုးရိမ်ရတာ၂ယောက်ရှိတယ်။အခြားဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်” လို့ တကိုယ်တော် ကျားဇိုးက မောင်းသတင်းဌာနကို ပြောပါတယ်။
မိုင်းမိပြီးတဲ့​နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီက ကပစ ၂၂ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဖက်ကနားကျေးရွာတောတိုက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကပစ ၂၂ဂိတ်စောင့်စစ်သားတွေက ဆိုင်ကယ်စီးအရပ်သား၂ယောက်ကိုလည်းရမ်းသမ်းပစ်ခတ်ရာ တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုမျိုးထိတွေ့မှုတွေရှိနေတဲ့အတွက် ဆိပ်ဖြူ- ပေါက်လမ်းအပါဝင် လမ်းပိုင်းတွေကို အရပ်သားတွေ သတိထားသွားလာကြဖို့နဲ့ ကပစ ၂၂ အနီးပတ်ဝန်းကျင်က ကျေးရွာတွေထဲ ဒရုန်းအန္တရယ်တွေ ရှိနေကြောင်းပေါက်တောင်ပိုင်း Y.R.F ပကဖ ကထုတ်ပြန်ထားပါတယ်။
ပုံစာ – ကပစ ၂၂ ဝန်းထဲ မိုင်းဝင်ထောင်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

နောင်ချိုမှာ စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ်နဲ့ မကျီးရေရွာအနီး TNLA နဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) (၈၄)ရက်မြောက်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က စစ်ကောင်စီ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတဝိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနဲ့ မကျီးရေရွာအနီးတဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၂ ယောက် မျက်မြင်သေပြီး ၁၁ ယောက်ခန့် ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က မျက်မြင် ၂ ယောက် သေပြီး ၁၁ ယောက်ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံခရိုင် တပ်ရင်း (၃) အနေနဲ့ Facebook Page အသစ်ကို ထုတ်ပြန်ကြေညာ…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းရဲ့ လူမှုကွန်ရက် စာမျက်နှာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်မှာ Facebook က ပိတ်သိမ်းလိုက်တာကြောင့် Page အသစ်ကို ဖွင့်လှစ်လိုက်တယ်လို့ အဆိုပါတပ်ရင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။