စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့် အဆောက်အအုံမှ ရှေ့ထွက်မိုင်း ၂ လုံးတစ်ပွိုင့် ရှေ့ထွက်မိုင်း ၁ ပွိုင့်နဲ့ ကြိုတင်မိုင်းထောင်ထားပြီး ၎င်းတို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်‌ရေးကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF)၊ Monywa Special ဒိတ်ဒိတ်ကြဲ LPDF နှင့် Special Force 11 LPDFအဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Jumper နဲ့ အခြားအခက်အခဲတွေကြားက ခက်ခက်ခဲခဲပြုလုပ်ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထိုင်း LGBT အလှမယ် တောင်းဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Read More

အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ရင်းဖြစ်ဖို့ မအူပင်ခရိုင် အမှတ်-၁ တပ်ရင်းမှ ပြည်သူလူထုရဲ့ တွန်းအားကို တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်နိုင်တဲ့ တပ်ရင်းဖြစ်ဖို့အတွက် ပြည်သူလူထုရဲ့ တွန်းအား လိုအပ်နေတယ်လို့ မအူပင်ခရိုင် အမှတ်-၁ တပ်ရင်းက ဆိုလာပါတယ်။
Read More

မလှိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို ‌တော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော် လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်-၈ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇွန်လနှင့် သြဂုတ်လအတွင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ သဩဂုတ်လတွေမှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲအတွင်း အရပ်သားများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကော်မရှင်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်ကို People's Defence Force-Meikhtila က ထုတ်ပြန်ခဲ့ပါတယ်။