စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ပုလဲမြို့ပေါ် စစ်ကူရောက်ရှိတဲ့ စစ်ကြောင်းမှ စစ်မှုထမ်း အပတ်စဉ် (၄) သင်တန်းဆင်းတပ်သား ၅ ယောက်ဟာ MA1 အမျိုးအစားသေနတ် ၄ လက်၊ ကျည်ဘောက် ၈ ဘောက်၊ MA3 အမျိုးအစားသေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ ၅ ဒသမ ၅၆ ကျည် ၇၅၆ တောင့်တို့နဲ့​အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
အလင်းဝင်ရောက်ခဲ့တဲ့ စစ်သားတွေဟာ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်က Mi 17 ရဟတ်ယာဉ်နဲ့ နိုဝင်ဘာလ ၁၄ ရက်မှာ အင်အားထပ်ဖြည့်တင်းခဲ့တဲ့ ဘုတလင်စစ်ကြောင်းက တပ်သားသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီစစ်ကြောင်းက တပ်သား ၂ ယောက် အလင်းဝင်ခဲ့မှုအတွင်း ဒရုန်းတစ်စီး ရရှိခဲ့ပါသေးတယ်။ ပုလဲမမြို့ပေါ်စစ်ကူစစ်ကြောင်းက အလင်းဝင်လာသူ ၉ ယောက်ရှိရာ ၂ ယောက်ကတော့ အခြားတော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်သွားတယ်လို့ BNRA က ဆိုပါတယ်။
လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်ခဲ့သူတွေကို ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် – BNRA က လက်နက်ပါသူတွေကို တစ်ယောက် ငွေကျပ်သိန်း ၅၀ စီဆုချီးမြှင့်ခဲ့ပြီး လက်နက်မဲ့အလင်းဝင်ရောက်လာသူတွေကိုလည်း‌ ငွေကျပ် ၅ သိန်းစီဆုချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး လူမှန်နေရာမှန်ရှိဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ် ထောက်ခံသူ ဒေါ်သက်သက်ခိုင် ပြော

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားတဲ့ နိုင်ငံသားတွေ လူမှန်နေရာမှန်ရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
Read More

NUG ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအချို့ ပြောင်းလဲဖွဲ့စည်း၊ ဝန်ကြီးဌာနအချို့ကို ဖျက်သိမ်း

အခုနှစ်မကုန်ခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ အပြောင်းအလဲတွေရှိမယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့အတိုင်း ဒီကနေ့မှာ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

ငှက်သားပေါက်ရာသီအတွင်း ငှက်ပစ်အမဲလိုက်တာတွေမလုပ်ဖို့ မင်းတပ် ပအဖ သတိပေး

ရှားပါးငှက်မျိုးစိတ်တွေရဲ့ သားပေါက်ရာသီ ဖြစ်တာကြောင့် မင်းတပ်မြို့နယ်အတွင်း ငှက်ပစ်အမဲလိုက်တာတွေ ၂ လကြာ ပိတ်ပင်တားမြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ပုလဲတွင် လမ်းမှားပြီးရောက်လာသည့် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိ…

“နယ်မြေမကျွမ်းကျင်မှုတွေရော သူတစ်ယောက်တည်းကွဲပြီးတော့ တောထဲမှာ ရောက်လာတယ်။ တောထဲမှာရောက်လာတော့ ကျနော်တို့ အမြဲတမ်း အထိုင်ချကာထားတဲ့ ကာကင်းဘက် မျက်စိလည်လမ်းမှားရောက်လာလို့ ကျနော်တို့ ရဲဘော်လက်ထဲ ဖမ်းမိလိုက်တာ ” လို့ ယင်းမာပင်ခရိုင်အမှတ် ၁၂ တပ်ရင်းရဲ့ တပ်ခွဲမှူးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။