စစ်ကိုင်းနဲ့ မန္တလေးက ဓားပြမှုတွေမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် မင်းသူ စားသောက်ဆိုင်အတွင်းပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် အရပ်သားလူငယ် ၄ ယောက်ကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရတနာပုံတပ်ဦးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက်၊ မနေ့ကညနေပိုင်းမှာ စစ်ကိုင်းမြို့တပ်မ ၃၃ အနောက်ဘက်၊ တောင်ငူကုန်းရွာထိပ်က Beer Star 5 ဆိုင်အတွင်းရှိနေတဲ့ ပျူစောထီး မင်းသူ ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
” ကိုမင်းသူဆိုတာ ဘယ်သူလဲမေးပြီး ခေါင်းနဲ့လည်ပင်းကို ၃ ချက်ပစ်ရင်း တန်းဆုတ်လာခဲ့တာပါ။”လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ပျူစောထီးမင်းသူဟာ ပြည်သူလူထုအပေါ် အနိုင်ကျင့်တာတွေအပြင် စစ်ကိုင်းနဲ့မန္တလေးမြို့တွင်းကဓားပြမှုတွေမှာ အခြားပျူစောထီးတွေနဲ့အတူ ပူးပါဝင်ကျူးလွန်ခဲ့တဲ့အတွက် အခုလိုရှင်းလင်းရတာလို့လည်းသိရပါတယ်။
” စကစ လက်အောက်ခံ ပျူတွေက မန္တလေးရော စစ်ကိုင်းမှာပါ ဓားပြမှုတွေလုပ်နေတာပါ။ မင်းသူကလည်းစစ်ကိုင်း မန်ကျည်းစဥ် ၊ တင်းတိပ် တကြောက ဓားပြမှုတွေနဲ့ မန္တလေး မြို့ပေါ် ဓားပြမှုတော်တော်များများမှာပါဝင်ခဲ့တယ်။ သူ့ကို သတင်းရလို့ လပိုင်းလောက်စောင့်ကြည့်သတင်းထောက်နေခဲ့တာ အလစ်ကိုအချိန်စောင့်လုပ်ရတာပါ။” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်ကမောင်းသတင်းဌာနကိုပြောပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို ရတနာပုံတပ်ဦးနဲ့အတူ Burmese Revolution Force – B.R.F ၊ Brave Soilder Guerrilla Foce တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
ပျူစောထီးမင်းသူပစ်ခတ်ရှင်းလင်းခံရတဲ့ဖြစ်စဥ်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေက စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ရွာကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး အရပ်သားလူငယ် ၄ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။
” ရွာတွေဘက်ဝင်မွှေရင်း လူငယ်လေးယောက်ကိုဖမ်းသွားတယ်ပေါ့။ စစ်မှုထမ်းဖို့များလားတော့​မသိဘူး” လို့ ရတနာပုံတပ်ဦးအဖွဲ့တာဝန်ရှိသူ၁ယောက်က မောင်းသတင်းဌာနကိုပြောပါတယ်။
ရတနာတပ်ဦးအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ရက်နေ့ကလည်း စစ်ကိုင်းမြို့နေ၊ ရဲတပ်ကြပ်ကြီးယဥ်ထွန်းမောင်ကို မဟာမိတ်အဖွဲ့တွေနဲ့အတူ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးပြီး လက်ပစ်ဗုံး၊ လက်ထိပ်နဲ့ ကျည်ဆံတွေသိမ်းဆည်းရမိခဲ့ပါသေးတယ်။
ပုံစာ – လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
0 Shares:
You May Also Like
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်မှု စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ်ရဲစခန်းကို သွားရောက်တိုက်ခိုက်မှုမှာ ရဲစခန်းဘိုတဲကုန်းအထိ ရရှိထားပြီး ဘန်ကာ ၁လုံးပဲ သိမ်းပိုက်ဖို့ ကျန်ရှိချိန် စစ်အုပ်စုလေကြောင်းပစ်ကူကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုတွင် ခြံရှင်းနေသည့် အမျိုးသား ကြိုးမိုင်းထိပြီး ဒဏ်ရာရ၊ ၂ ကြိမ် ခွဲစိတ်ပြီးနောက် ထပ်မံခွဲစိတ်ရန် လိုအပ်ကာ ငွေကြေးခက်ခဲနေဟု ဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ ဒေသခံ အမျိုးသားတစ်ယောက် ကြိုးမိုင်းထိမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ပူတာအိုကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ KPF အသိပေး

ပူတာအိုဒေသမှာ မကြာခင် ရာနှုန်းပြည့် ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်လို့ ပြည်သူတွေအားလုံး အထူးသတိပြုပြီး ကြိုတင်ကာကွယ် ပြင်ဆင်ကြဖို့  ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် (KPF) က ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။ 
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံစျေးလျှော့ပြီး လေလံပစ်ရန် တရားရုံး အမိန့်ချ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင် ခြံအမှတ် (၅၄) ကို ထပ်မံ ဈေးလျှော့ကာ လေလံပစ်ဖို့ ကမာရွတ် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

မုံရွာက MRTV အသံလွှင့်တာဝါတိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

မုံရွာမြို့နယ်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမှတ်(၁) စစ်ဒေသက အသိပေးထုတ်ပြန်လာပါတယ်။