မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး ပျူစောထီးစခန်းသိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမှတ် ၈ စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အမှတ် ၈ စစ်ကြောင်းရဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို ပခုက္ကူမြို့နယ်၊ ပေါက်ဒေသမှာရှိတဲ့ ကျေးရွာ ၅ ရွာထက်မနည်းတဲ့ ကျေးလက်နေပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၈)စစ်‌ကြောင်း ဦးဆောင်မှုနဲ့  ဒီဇင်ဘာ ၁၁ ရက်က ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ချေမှုန်းရာ စစ်ကောင်စီတပ်က ၆ ယောက် မျက်မြင်သေဆုံးပြီး လက်နက်(၁၈)လက်နဲ့အတူ သုံ့ပန်း(၇) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အမှတ်(၈)စစ်ကြောင်းဟာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုတွေ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည် ဖော်ရေး၊  အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စတဲ့ အခြေခံမူဝါဒတွေအပေါ် အခြေခံပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ သိရပါတယ်။

 

တိုက်ပွဲဝင် အမှတ်၈စစ်ကြောင်းရဲဘော်တွေကို ပေါက်ဒေသ ‌ပြည်သူလူထုက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုပုံများ (ဓာတ်ပုံ အမှတ် ၈၊ စစ်ကြောင်း)

0 Shares:
You May Also Like
Read More

ပုလဲမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို ချင်းတွင်းကာကွယ်ရေး အထူးတပ်ဖွဲ့ (CDF) ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ လဝကရုံးကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(CDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အိုးတိန်တွင်းရွာ လေကြောင်းတိုက်ခံရမှုဖြစ်စဥ်မှ ကလေးငယ် ၂ဦး ထပ်မံသေဆုံးပြီး စုစုပေါင်းသေဆုံးသူ ၂၄ဦးအထိရှိလာ

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရထားတဲ့ ကလေးငယ် ၂ယောက်ထပ်မံ သေဆုံးသွားတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၄ယောက်အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ရေဖြူတွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါ မန်ကျည်းခင်ရွာကို ခလရ ၅၀ စစ်ကြောင်း အချိန်မတော် ဝင်ရောက်စီးနင်း၊ ကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မြို့အနောက်ဘက် မန်ကျည်းခင်ရွာဆီ အချိန်မတော် ဝင်ရောက်စီးနင်းရင်းကိုယ်ဝန်ဆောင်သည်အပါ အရပ်သား ၁၀ ယောက်ထက်မနည်းကို အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။