တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၁၇) ရက် မနက်အစောပိုင်းက ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အတွင်းက ရေကန်တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းကို ဒရုန်းနဲ့ ဗုံးသီးချခြင်းအပြင် နှစ်ဘက်အပြန်အလှန် ( ၁ ) နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်စခန်းကုန်းအတွင်း ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲ့ဒီနောက် စစ်ကောင်စီတပ်စခန်းက ဘားတိုက်နဲ့ အဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲစတင်ချိန်ကနေ ၂ နာရီကြာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနဲ့ စုပေါင်းမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေ အထိအခိုက်မရှိ ခွါစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူ (၁) ယောက် အပါအဝင် (၆) ယောက် သေဆုံးပြီး တပ်သား (၁) ယောက် ဖမ်းဆီးရမိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေ ထွက်ပြေးသွားတယ်လို့ ဒေါနတပ်ရင်းက ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းနဲ့ မဟာမိတ်တွေဖြစ်တဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ( DDPDF ) ၊ ရေဖြူ(ပကဖ) နဲ့ သာဂရစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြ်ပါတယ်။ 

တိုက်ပွဲအတွင်း MA 11 (၃) လက် ၊ ကမစ ၅.၅၆ကျည် (၅၇၈)တောင့်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း (၁)လက်၊ ၆၀ မမ ဗုံးသီး (၁၁)လုံး ၊ ၄၀ မမဗုံးသီး(၃၆)လုံး ၊ ရှေ့ထွက်မိုင်း (၃)လုံး ၊ ကွန်ပျူတာ(၁)လုံး၊ ကျည်ဘောက်တွေနဲ့ ဖုန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးပူးပေါင်းတပ်ဟာ ခလရ (၂၇၃) တပ်ရင်းဗဟိုကင်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က (၄) ယောက် သေဆုံးခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၃၃) နယ်မြေအတွင်းက ရေးမြို့မြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က ကွမ်ကျိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနဲ့ ပူးပေါင်းမဟာမိတ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ၊ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ရေး ပကဖ တို့က တိုက်ခိုက်ခဲ့ရာ အချိန် ၁ နာရီခွဲကျော်အကြာမှာ စစ်ကောင်စီတပ်စခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး ခမရ (၅၈၇) က ဗိုလ်ကြီးအဆင့်ရှိသူ (၁) ယောက် အပါအဝင် (၄) ယောက် သေဆုံးကာ (၇) ယောက် ဒဏ်ရာရရှိခဲ့သလိူ ဒေါနတပ်ရင်းက ရဲဘော် (၁) ယောက်နဲ့ NMSP-AD က ရဲဘော် (၁) ယောက် ကျဆုံးခဲ့ပြီး (၃) ယောက့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရေးတင်းမာနေမှုများကြောင့် သရက်-ကံမလမ်းပိုင်း အသုံးပြုခွင့် ပြည်သူ့ကာကွယ်ရေးဘက်မှ ပိတ်ပင်ထား

မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက သရက်-ကံမ လမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ပင်ထားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ မွမ်းမံသင်တန်းဆင်းပွဲတွင် ယူနီဖောင်းတပ်ဆင်…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း ၊မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ခွဲ(၄)ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။