မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်ကလို့ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်းက ကျေးရွာတွေဆီ  အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ ကပစ ၂၁၊ ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူတပ်မ၁၀၁  စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို လေကြောင်းပစ်ကူသုံးတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေအပြင် လက်နက်ကြီးပစ်ခတ်တာတွေပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သန်ကုန်းရွာနဲ့ ကဒါန်းရွာက အရပ်သား ၂ ယောက်လည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်အထိ ရှိထားတယ်လို့လည်း စလင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာလည်း ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ထူးကြီး၊ စီဆွဲနဲ့ ကျပင်းရွာတွေထဲ ဝင်ရောက်ကာ အရပ်သားပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်ယူဆောင်နေတယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး ထိတွေ့မှုတွေ ဖြစ်လာနိုင်တာကြောင့် ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းကိုပါ ခေတ္တပိတ်ထားကြောင်းနဲ့ ပြန်လည်အသုံးပြုရမယ့်အချိန်ကိုလည်းအချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမယ်လို့ စလင်းပကဖတာဝန်ရှိသူက ပြောပါတယ်။

“အခုချိန်အထိတော့ ထိတွေ့မှု မဖြစ်သေးဘူးပေါ့။ ဒါပေမယ့်အချိန်မရွေးဖြစ်လာနိုင်လို့ လမ်းပိုင်းပေါ် ဆိုင်ကယ်ရော၊ ကားတွေရော ပိတ်ထားလိုက်တဲ့သဘောပါ။ ကပစ၂၁ နဲ့ ကပစ၂၅ကို ပို့တဲ့ လျှပ်စစ်မီးကြိုးလိုင်းတွေကိုလည်း သူတို့လာပြင်နေတယ်ပေါ့။ အဲ့ဒါကြောင့် စစ်ကြောင်းထိုးတာလည်း ပါတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့Page မှာ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေဖော်ပြထားတယ်။ အရေးပေါ်သွားလာချင်ရင်ဆက်သွယ်လို့ရအောင်ပါ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည်ဟု ကြေညာ

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်ကောင်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပဲခူးကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး(၁) ဦးအပါ (၆) ဦး သေဆုံး၊ ငါးဦး အရှင်ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် ကြေညာထားသည့် စစ်ကောင်စီ နောင်ချိုမှာ ဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် လာရောက်ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ တောင်လှရွာနဲ့ ဂေါ်ရခါးရွာကို ဒရုန်း၊ ဂျက်ဖိုက်တာတို့နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စားသောက်ဆိုင်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ-၂၁ က တပ်ကြပ်ကြီးဆိုသူ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ သောက်စားပြီးပြန်လာတဲ့ ကပစ (၂၁) က တပ်ကြပ်ကြီး ၁ယောက်ကို စောင့်ကြိုစစ်ဆေးရာ လက်မခံဘဲ ပြန်ခုခံတာကြောင့် နေရာတင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၁) ထောက်လှမ်းရေး က မောင်းကိုပြောပါတယ်။