စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။

ဒီဇင်ဘာလ (၁၆) ရက် ညပိုင်းမှာ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာနဲ့ ကျောက်လှေကားကျေးရွာတို့ကို တိုက်ပွဲမဖြစ်ပွားဘဲ  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ကျောက်လှေကား ကျေးရွာက ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ ၂ ယောက်နဲ့ ကျောင်းသား ၁ ယောက် အပါအဝင် ပြည်သူ (၅) ယောက် ပွဲချင်းပြီး ဗုံးစထိမှန်သေဆုံးခဲ့ပြီး ကျောင်းသူကျောင်းသား (၆)ယောက် အပါအဝင် ပြည်သူ (၁၀) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

NUG ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီက ကျောင်းတွေနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ လူသားချင်း စာနာ ထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ကလေးသူငယ်တွေနဲ့ ပြည်သူတွေ သေဆုံးခဲ့ရမှုအတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရသလို အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပြင်းထန်စွာ ရှုတ်ချကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ တိုက်ခိုက်ခံရပြီး ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်တွေကို အသေးစိတ် မှတ်တမ်းတင်ထားသလို သေဆုံးခဲ့ရတဲ့ ကလေးသူငယ်တွေအတွက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးနဲ့ဖော်‌ဆောင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။
Read More

မုံးစီးမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက မုံးစီးမြို့နယ် ရေပူစမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ ထုတ်ပြန်သည့် နဂါးနန်းတော် ရွှေဆိုင်ဓားပြမှု တရားခံ ၂ ယောက်သည် ကျေးရွာ PDF တပ်ဖွဲ့ဝင်များနှင့် မသက်ဆိုင် ဟု သိရ

မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF ဥက္ကဋ္ဌနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်း ၂၂ က ရဲဘော်တွေ တက်ရောက် (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို KNDF တပ်ရင်းအမှတ် (၂၂) ရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ထိခိုက်ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ထပ်မံဗုံးကြဲလို့ အမျိုးသား တစ်ဦး ဒဏ်ရာရ တစ်လနီးပါးအတွင်း သီပေါမြို့နယ်ကို စစ်ကောင်စီ ၆ ကြိမ် ဗုံးကြဲခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးပြီး အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။