ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ တောင်ကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက် အမ်းမြို့နဲ့ ဂွမြို့က စခန်းတွေကို တရပ်စပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထုတ်ပြန်ပါတယ်။

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နေရာတချို့သာ သိမ်း ပိုက်ဖို့ ကျန်ရှိပြီး ခုခံနေတဲ့ ရာချီခန့်ရှိသေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမတောင်တန်းကနေ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ပစ်ခတ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေထံ လက်နက်ကြီး ကျရောက်ထိမှန်ပြီး သေဆုံးဒဏ်ရာရရှိသူတွေရှိတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ဌာနချုပ်ဝန်းကျင်ကနေ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေ ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ အာရက္ခတပ်တော် AA က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးတပ်တွေ အနီးကပ်ဝင်ရောက်ပစ်ခတ်မှု ၄ ယောက် သေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဇီးကုန်းမြို့ထဲ ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေ  တိုက်ခိုက်ခံရပြီး ၄ ယောက်သေကာ ၂ ယောက်ဒဏ်ရာရရှိသွားတယ်လို့ Kantbalu Counter Revolution Army က သတင်းထုတ်ပြန်ပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိန်းချုပ်နယ်မြေတွေနဲ့ စိုးမိုးနယ်မြေတွေ တိုးချဲ့နိုင်ဖို့ မင်းဘူးခရိုင်အမှတ်(၇)တပ်ရင်းက တော်လှန်ပြည်သူတွေထံ အကူအညီ‌တောင်းခံ (ရုပ်/သံ)

တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ရေး မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းကနေ ပြည်သူမေတ္တာ သိန်း၇၀၀ ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူနဲ့ မင်းဘူးမှာ ရဲစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နဲ့ မင်းဘူးမြို့နယ်အတွင်းက ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People’s Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ကျောင်းသားလူငယ်တွေရဲ့ ”ကျောင်းသားဟစ်တိုင်သံချပ်” (ရုပ်/သံ)

ဒို့ဖက်ဒရယ် သံချပ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ အနုပညာဝါသနာပါတဲ့ တော်လှန်ကျောင်းသား ကျောင်းသူတွေရဲ့ ''ကျောင်းသားဟစ်တိုင်သံချပ်"ကို ယခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။