ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေး အရာရှိတွေနဲ့ စစ်ကောင်စီနဲ့ အင်္ဂါနေ့မနက်မှာ ဆွေးနွေးခဲ့ပြီး အဲဒီငါးဖမ်းသမားတွေကို ကော့သောင်းကနေ လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သိရကြောင်း သူက ဆိုပါတယ်။

အဲဒီ ထိုင်းငါးဖမ်းသမားတွေအနေနဲ့ မြန်မာရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုရင် အဖြစ်မှန်အတိုင်း အရေးယူသင့်တယ်လို့ Mr Phumtham က ပြောပါတယ်။

နိုဝင်ဘာ ၃၀ ရက်က မြန်မာစစ်သင်္ဘော ၃ စင်း၏ ပစ်ခတ်ခံရသည့် ထိုင်းငါးဖမ်းသင်္ဘောမှ သင်္ဘောသားများကို ကယ်ဆယ်ပြီးနောက် ရနောင်းတွင် ရေတပ်ကင်းလှည့်သင်္ဘောများ ဆိုက်ကပ် (ဓာတ်ပုံ Royal Thai Navy)

ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမားတွေအတွက် ထိုင်းအာဏာပိုင်တွေအနေနဲ့ အကာအကွယ်ပေးရေး မေးမြန်းရာမှာ ဝန်ကြီးက ဒီကိစ္စဟာ ထိလွယ်ရှလွယ်ဖြစ်ပြီး သူတို့ပြန်လွတ်ရေး ဦးစားပေးမယ်လို့ သူက ပြောပါတယ်။

“ဒါက တိုင်းပြည်အတွက် အကျိုးရှိဆုံးလို့ ထင်ပါတယ်။ မေးခွန်းအတွက် နောက်ထပ်အဖြေတွေဆက်ပြောရင် အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်။ တိုင်းပြည်မှာ နိုင်ငံရေးပြဿနာ မဖြစ်စေချင်ဘူး။ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးကို အရင်ဂရုစိုက်ပါရစေ” လို့လည်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လူ ၆ယောက်ပါတဲ့ မြန်မာငါးဖမ်းစက်လှေတစ်စင်းဟာ ရနောင်းခရိုင်က ဆိပ်ကမ်းတစ်ခုမှာ ခွင့်ပြုချက်မဲ့ ပုစွန်ငါးပိ ကီလို ၄၀၀၀ နဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ထိုင်းနိုင်ငံခြားရေး Maris Sangiampongsa ကလည်း ထိုင်းငါးဖမ်းသမားတွေဟာ မြန်မာရေပိုင်နက်ကို ကျူးကျော်တယ်လို့ စွပ်စွဲခံထားရပြီး မြန်မာဘက်က ပုံမှန်အတိုင်း တရားစွဲဆိုမှုတွေ လုပ်ရမယ်လို့ ပြောပါတယ်။

ထိုင်းငါးဖမ်းသမားတွေကို ထောင်ဒဏ် ၄ နှစ်ကနေ ၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း တရားရုံးရဲ့ စီရင်ချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ တာဝန်ရှိသူတွေက လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်ကြောင်း သူက ဆိုပါတယ်။

မူရင်းသတင်း – Myanmar will free arrested fishermen on Jan 4, says Thai defence minister 

0 Shares:
You May Also Like
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။
Read More

ချင်းမိုင်တက္ကသိုလ်ကျောင်းသား ၁၀ ဦး ဘတ်သန်းချီပြီး အွန်လိုင်းငွေလိမ်ခံရ

ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသား ၁၀ ယောက် တစ်ရက်တည်းမှာပဲ အွန်လိုင်းငွေလိမ်ခံရပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရကြောင်း CMU နဲ့ နယ်မြေခံရဲတပ်ဖွဲ့က သတိပေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်လိုက်တယ်လို့ CRPH က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားလို့ စိတ်ပျက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရမယ်လို့ ဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။