မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို မိုင်းခွဲတိုက်ခိုက်ရာ ၁၅ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပေါက်မြို့နယ် တောင်ပိုင်းက စစ်ရှောင်စခန်းနေရာတွေကို စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို  တိုက်ခိုက်နိုင်ဖို့ တော်လှန်ရေးတပ်တွေက ကြိုးစားနေခဲ့တာပါ။ စစ်အုပ်စုတည်ရှိရာ ဒီးဒုတ်ကွင်းရွာ ပတ်ဝန်းကျင်မှာ နင်းမိုင်းတိုက်မိုင်းထောင်တာအပြင် ကင်းပုန်းတွေဆီ ဝင်ရောက်ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၈ရက်နေ့ကစလို့ စစ်အုပ်စုတွေ မိုင်းမိသေဆုံးတာရှိခဲ့ပြီး ဒီဇင်ဘာ ၁၄ရက်နေ့မှာတော့ ဒီးဒုတ်ကွင်း ပြည်သူ့စစ်ရွာ ကင်းပုန်းဆီ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ပေါက်တောင်ပိုင်း၊ ပကဖ ဗိုလ်နားပေါက်အဖွဲ့နဲ့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော်ကျားဆိုးအဖွဲ့ဝင်များ

“သူတို့တွေစစ်ကြောင်းဝင်ပြီး ရွာကိုမီးရှို့၊ ပစ္စည်းတွေ သယ်သွားကတည်းက နောက်ကလိုက်ပြီး သူတို့အထိုင်စခန်းရောက်တဲ့အထိ မိုင်းတွေ လိုက်ထောင်ခဲ့တာပါ။ ၈ရက်နေ့ကစပြီး သူတို့မိုင်းမိတာ ၈၊ ၉၊ ၁၀.. ၃ရက်ဆက်ကို ၈ယောက်သေတယ်​လို့​ သိရတယ်။ မိရတဲ့အကြောင်းရင်းကလည်း  သူတို့ဖမ်းသွားတဲ့ ပြည်သူတွေ ထွက်ပြေးတာကို လိုက်ရှာရင်းမိတာပါ။ ပြည်သူတွေတော့ လွတ်သွားတယ်။ မနက်အစောကြီး မိုင်းအစုအလိုက်အပြုံလိုက်မိတယ်ပေါ့။ အဲ့နောက်တရစပ်မိတာပါ။” လို့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၄ရက်နေ့မှာ စစ်သားနဲ့ ပျူစောထီး အင်အား၅၀လောက်နဲ့ တပ်စွဲထားတဲ့ ဒီးဒုတ်ကွင်းကျေးရွာရဲ့ ကင်းစခန်းကို တော်လှန်ရေးတပ်တွေက​ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

“သူတို့ရဲ့ ဒီးဒုတ်ကွင်းကင်းစခန်းကို ဝင်ပစ်တော့ ပြန်မပစ်ဘဲ ခံစစ်ကစားနေလို့ ကျနော်တို့ပြန်ဆုတ်ခဲ့လိုက်တယ်။ ကျနော်တို့ဝင်ပစ်ပြီး နေ့လည်ကျ သူတို့နောက်ကလိုက်လာတော့ ဗုံးတစ်လုံးမိပါတယ်။ ညနေပိုင်း ၆နာရီ ၄၅မိနစ်လောက်မှာလည်း တစ်လုံးထပ်မိပါတယ်။ ဒီးဒုတ်ကွင်းရဲ့ ဒုတိယပျူခေါင်းဆောင်အပါအဝင် သေတဲ့သူ၁၅ယောက်လောက် ရှိတယ်လို့ သိရတယ်။ စစ်သားနည်းနည်းပဲပါမယ်ဗျ။ ထိခိုက်တာတွေလည်း အများကြီးရှိတယ်။ ကျနော်တို့ဆီ သူတို့ တိုးလာချင်ပေမယ့် မိုင်းတွေကတရစပ်ထိတယ်ပေါ့။ အလောင်းကောက်မရဘဲ တစစီဖြစ်တာတောင် ၅ယောက်လောက်ပါတယ် သိရတယ်” လို့ ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဆိုးအဖွဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ပေါက်တောင်ပိုင်း ပကဖ ဗိုလ်နားပေါက်အဖွဲ့နဲ့ ဆိပ်ဖြူပြောက်ကျားတစ်ကိုယ်တော်ကျားဆိုးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

အင်းစိန်မှာ “အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်က အင်းစိန်မြို့နယ်၊ အ.ထ.က ၇ ကျောင်းရှေ့မှာ "အမျိုးသားနေ့ကို အောက်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ" လူထုလှုံဆော်မှု ကြွေးကြော်သံ ဘန်နာကို ချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပေါ် တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယာဉ်ကျောပိတ်နေ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ တော်လှန်ရေးတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကားတွေ ရပ်ထားရပြီး ယာဉ်ကျောပိတ်ဆို့မှု ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။