စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အိုမကျေးရွာက နေအိမ် ၁၉အိမ်ကို ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းက ထောက့်ပံငွေတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ဒီနေ့မှာ အိမ်ခြေ ၁၉ အိမ်အတွက် တစ်အိမ်ကို တစ်သိန်းကျပ်စီ ကူညီပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“အိုမကျေးရွာက အိမ်ထောင်စု ၁၉ စုအတွက် ကူညီခဲ့တာပါ။ တစ်အိမ်ထောင်ကို တစ်သိန်းကျပ်နှုန်းနဲ့ စုစုပေါင်း ၁၉သိန်း ပေးလှူခဲ့တာပါ။ ဒေသခံတွေ နေအိမ်တွေမှာ ပြန်လည်နေထိုင်လို့ မရသေးတာကြောင့် ပြည်သူတွေအနေနဲ့လည်း ကူညီပေးစေချင်ပါတယ်” လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက ကို အောင်ခန့်ဇော်က ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ် အတွင်း ဝမ်ပေါင် ကြေးနီစီမံကိန်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဟာ အနီးနားကျေးရွာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ဆားလင်းကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေနဲ့ ကြေးနီစီမံကိန်းက ထွက်လာတဲ့ စစ်သားတွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အိုမကျေးရွာက နေအိမ်တချို့ မီးရှို့ခံထားရပုံနှင့် ဒေသခံတွေကို သွားရောက်ကူညီထောက်ပံ့စဉ် (ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
အိုမကျေးရွာက နေအိမ်တချို့ မီးရှို့ခံထားရပုံနှင့် ဒေသခံတွေကို သွားရောက်ကူညီထောက်ပံ့စဉ် (ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
အိုမကျေးရွာက နေအိမ်တချို့ မီးရှို့ခံထားရပုံနှင့် ဒေသခံတွေကို သွားရောက်ကူညီထောက်ပံ့စဉ် (ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
(ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
(ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
(ဓာတ်ပုံ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း)
0 Shares:
You May Also Like
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

နတ်တလင်းနှင့် ညောင်လေးပင်တွင် ၃ ရက်အတွင်း ရာအိမ်မှူး ၂ ဦးနှင့် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ နတ်တလင်းနဲ့ ညောင်လေးပင်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ပက်သက်ဆက်နွယ်နေတဲ့ ရာအိမ်မှူးတွေနဲ့ သတင်းပေးဒလန်တွေ ၃ ရက်ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း စစ်တပ်သတင်းရင်းမြစ်နဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များ ဖမ်းမိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ မြောင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်က စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။