စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲစခန်းမှာ ရဲဝန်ထမ်းအသိုင်းအဝိုင်းက အချုပ်ကျနေသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ထိန်းသိမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။

မုံရွာမြို့မရဲစခန်းမှာ ရဲဝန်ထမ်းအာဏာပိုင်တွေက အချုပ်သားအရေအတွက်ကို ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ထိန်းသိမ်းထားတာ၊ အမိန့်ကျသူတွေကို အကျဉ်းထောင်ဆီ မလွှဲပေးဘဲ အချုပ်ကျနေသူတွေနဲ့ ရောနှောနေထိုင်စေတာတွေအပြင် လူဦးရေအတွက် ကျန်းမာရေးသင့်တင့်လျောက်ပတ်အောင် ကျွေးမွေးတာတွေမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အချုပ်ကျနေသူတွေရဲ့ အထွေထွေ အခက်အခဲတွေအပေါ် ရဲဝန်ထမ်းမိသားစုတွေရဲ့ကိုယ်ကျိုးရှာ ခေါင်းပုံဖြတ်မှုတွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ပြောပါတယ်။

“ကျနော်တို့သိထားရသလောက် မုံရွာ ရဲစခန်းမှာ နိုင်ငံရေးမှုကြောင့် အချုပ်ကျနေသူနဲ့ အကျဥ်းကျနေသူ ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်ကြားမှာ ရှိပါတယ်။ ၁၅၀ အထက်မှာရှိတဲ့ အထူးသဖြင့် နိုင်ငံရေးအကျဥ်းကျနေသူတွေကို ထမင်းထုတ်ဝေတဲ့အခါ လောက်ငှအောင်မဝေဘူး။ အထုပ် ၁၀၀လောက်ပဲ ဝေတယ်။ အဲ့အခါ ရဲမိသားစုရောင်းတဲ့ထမင်းကို ဝယ်စားရတယ်။ ပြီးတော့ ပုံမှန် လူ ၃၀လောက်ထားတဲ့ အခန်းတွေက အခုဆိုရင် လူ ရာကျော်တဲ့အထိ ထားထားခြင်း ခံနေရတယ်။ ဒါတွေက စိတ်ပိုင်းဆိုင်ရာ သာမက ရုပ်ပိုင်းဆိုင်ရာ အရပါ ဖိနှိပ်တဲ့သဘောပါ။ အမှန်ဆို နိုင်ငံရေးအကျဥ်းသားတွေကို အကျဥ်းထောင်ကို ပို့ရမှာဖြစ်ပေမယ့် အခုလို ဒီရဲအချုပ်ထဲမှာပဲ ထားတော့ ရဲမိသားစုတွေ ဝင်ငွေပိုရသလို တော်လှန်ရေး တပ်တွေ လာတိုက်တဲ့အခါ ဒီလူတွေကို အကာအကွယ်ယူနိုင်တဲ့ သဘောပေါ့။ ဒါကြောင့်ပြည့်ညပ်အောင်ထားထားတာပါ။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် မိသားစုဝင်တွေ ပေးပို့လာတဲ့ ငွေကြေးနဲ့ တခြားပစ္စည်းတွေကို ရဲဝန်ထမ်းတွေက ဖြတ်ယူတာ၊ အလွဲသုံးစားပြုလုပ်တာတွေအပြင် စခန်းမှူး ပြည့်လင်းအောင်နဲ့ ဂတ်စာရေး ချစ်ညိုညိုတို့ကလည်း နိုင်ငံရေးမှုကြောင့် အချုပ်ကျနေသူတွေအပေါ် အဓိကပစ်မှတ်ထားပြီး ဆဲရေးတိုင်းထွာ ဖိနှိပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စခန်းမှူးကိုယ်တိုင်ကိုက မူးလာတဲ့အခါ ယုတ်ရင်းကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲဆိုတာ၊ အသက်အန္တရယ်နဲ့ ခြိမ်းခြောက်တာတွေ လုပ်တယ်။ နောက်ပြီးအခုလို လူအများကြီးကို ထိန်းသိမ်းထားတာက နောင်တစ်ချိန် လူသားဒိုင်းလုပ်နိုင်မယ်လို့လည်း ထင်တယ်။ လုပ်မယ်မလုပ်ဖူးကတော့ အခြေအနေတွေအပေါ် အများကြီးမူတည်တာပေါ့။ ဒါပေမယ့်အခုလို သတ်မှတ်ပမာဏထက် ပိုများအောင် ထားတာက ကျနော်တို့ စိုးရိမ်ချက်တွေရှိတယ်။ ပြည်သူတွေရော နိုင်ငံရေးအင်အားစုတွေရော သိသင့်ပါတယ်။” လို့ ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။

မုံရွာမြို့မရဲစခန်းအတွင်း မုံရွာမြို့အပါအဝင် ခရိုင်အတွင်းက စစ်ပွဲတွေထဲမှာ ဖမ်းဆီးရမိသူတွေ၊ သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အချုပ်ကျနေတာဖြစ်ပြီး အမိန့်ကျနေသူတွေကိုလည်း မုံရွာမြို့အကျဥ်းထောင်ကို ပို့ဆောင်ခြင်းမပြုဘဲ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်ထောက်ပံ့ပြီး စစ်ရေးအတွေ့အကြုံပေးသည့် AA နှင့် ပထမဆုံး စစ်သင်တန်းတွင် ပညာသင်ကြားပေးခဲ့သည့် CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတပ် CDF-Daai ပြော

လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်လံ၊ ဆပ်ဆူဝရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါ ၄ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

PDF တွေရဲ့သတင်း စုံစမ်းနေတဲ့ ရဲဒုတပ်ကြပ် ၂ ယောက် အသေပစ်ခတ် ဖမ်းဆီးခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ PDF တွေရဲ့သတင်း ထောက်လှမ်းနေတဲ့ ရဲဒုတပ်ကြပ်၂ ယောက်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့​ရတယ်လို့ Tamar Myay Special Column တာဝန်ရှိသူက မောင်းကို ပြောပါတယ်။