ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦးတစ်ခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိရမှုဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် အလွဲသုံးစားပြုလုပ်တာဖြစ်လို့ လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခြင်းတွေ ဖြစ်ပွါးခဲ့ပါတယ်။ ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှ လက်ခံနိုင်ဖွယ်မရှိသလို အဲ့ဒီလုပ်ရပ်တွေဟာ ကယ်ဆယ်ရေးအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့ WFP က ဆိုပါတယ်။

စစ်တပ်က WFP ဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ AA ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ
စစ်တပ်က WFP ဂိုဒေါင်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ AA ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံ

လက်ရှိမှာ အဲ့ဒီအရပ်ဒေသကို သွားရောက်ဖို့ ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ WFP က ဆိုထားပြီး ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအဖွဲ့အားလုံးအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားတွေကို လိုက်နာကြဖို့ WFP က တောင်းဆိုထားပါတယ်။

ပဋိပက္ခမှာ ပါဝင်သူတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရမယ်လို့လည်း WFP က ဆိုပါတယ်။

စားနပ်ရိက္ခာဖူလုံမှု အခြေအနေ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် နိုင်ငံအနှံ့အပြား ပြည်သူတွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှု ရင်ဆိုင်နေရသလို အခြေအနေတွေ ပိုမိုဆိုးရွားလာတယ်လို့လည်း WFP က ဆိုပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူအပေါ် တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်၊ ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်ကြောင်း BPLA ထုတ်ပြန်

ပြည်သူတွေအပေါ် လူ့အခွင့်အရေးအရ ကျူးလွန်ဖောက်ဖျက်မှုတွေရှိရင် အချိန်မရွေး တိုင်ကြားနိုင်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန် အသိပေးလိုက်ပါတယ်။
Read More

စစ်တပ်ပေါ်တာဆွဲစဉ် ထွက်ပြေးသည့် အမျိုးသား ၁ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရုပ်အလောင်းကို ချက်ချင်းမကောက်ရဲတာကြောင့် ၃ရက်ကြာမှ သင်္ဂြိုဟ်ရ

ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲမှုကို ထွက်ပြေးတဲ့ အမျိုးသားတစ်ယောက်ကို စစ်ကော်မရှင်တပ်သားတွေက လိုက်လံပစ်ခတ်တဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၂ နာရီလောက်မှာ ရေဒါကျေးရွာက ကိုအောင်နိုင်စိုးဟာ စစ်ကော်မရှင်တပ်သားတွေ ပေါ်တာဆွဲဖမ်းဆီးတဲ့အတွက် ကြောက်လန့်ပြီးထွက်ပြေးစဉ် မအူတန်းရွာ နဲ့ ကြို့ကိုးပင်ရွာကြားရှိ ဆည်မြောင်းပေါ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေ၊ စစ်သုံ့ပန်း ၁ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိ

မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာဒေသထဲက မြို့ကုန်းကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ စစ်သုံ့ပန်း  ၁ယောက်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမြို့နယ်ရှိ ကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားသည့် စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ စစ်ရှောင် မိန်းကလေးငယ် တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ စာသင်ကျောင်းကို အပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင် မိန်းကလေးငယ် တစ်ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်မှု စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးကို အာရုံလွှဲနိုင်ပါ့မလား

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။