စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။

၆ ရက်မြောက်ညအဖြစ် ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်ပြပွဲမှာ ၈၈ ကျောင်းသားမျိုးဆက် ကိုမင်းကိုနိုင်က ပြည်သူတွေကို အွန်လိုင်းကတဆင့် နိုင်ငံရေးဟောပြောမှုတွေနဲ့ အားပေးစကားတွေ တိုက်ရိုက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူထုနိုင်ငံရေးတရားတွေကိုလည်း ယင်းမာပင်ခရိုင်တပ်ရင်း ၁ ရဲဘော်ဗလနဲ့ ရွာပေါင်းစုံသပိတ်ကော်မတီအဖွဲ့ဝင်တစ်ယောက်က ဟောပြောခဲ့ပြီး ရဲမေတွေကလည်း တေးသရုပ်ဖော်ကပြခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခြင်းအခမ်းအနား ရှေ့တန်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး၊ စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမား၊ စစ်တပ်ကို တိုင်းပြည်ကာကွယ်သူအဖြစ် ရှုမြင်တဲ့ ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်တပ်သတင်းပေးကို KNU ထံ လွှဲပြောင်းထား

ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမှာ ဟန်ပြအပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ခြေလျင်စစ်ကြောင်းများ အသုံးပြုပြီး ထိုးစစ်ဆင်နေ၊ သရက်ချိုကျေးရွာရှိ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် (၅) နှစ်အရွယ် ကလေးငယ်အပါ ဒေသခံ (၄) ဦး သေဆုံး

မေလ ၆ ရက်ကနေ ၃၁ ရက်ထိ အပစ်အခတ်ရပ်စဲရေးကာလ ဟန်ပြ ထပ်မံတိုးမြှင့်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းအပါအဝင် လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။