တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ဟားလီကွေ့မှာ ဂိတ်ချပြီး ခရီးသွား ပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ တယ်လို့ Federal Polaris Force အဖွဲ့ထံက သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ယောက်သေကာ ၁ ယောက် ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေထံက MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၂၆၁ တောင့်၊ စစ်သုံးဦးထုပ် ၂ လုံး၊ ပိုက်ဆံ ၉၆၅၀၀၀ ကျပ် ၊ စစ်အသုံးအဆောင် ပစ္စည်း ၁ ခု၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံးနဲ့ စစ်သုံးရေဘူး ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒူရက စစ်ကြောင်း ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကနေ အင်အား ၈၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီနေ့ဧပြီ ၃၀ ရက် မနက်ပိုင်းမှာ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်အုပ်စု အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။