စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဟက်ယာဉ်နဲ့ တိုက်လေယာဉ် ၈စီး ဆုံးရှုံးပြီးနောက် စစ်ကောင်စီက အခုလို ဖြည့်တင်းမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

MTX-1A လေယာဥ်ကို ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး Turboprop အင်ဂျင်နဲ့ Glass Cockpit System တို့တပ်ဆင်ထားကာ MTX-1B လေယာဉ်ကိုတော့ ၂၀၂၄ ခုနှစ်၊ မတ်လမှာ စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့တယ်လို့ ဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်
စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်
စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်

အခုလို စစ်ကောင်စီထုတ်လုပ်ခဲ့တဲ့ MTX-1A လေယာဥ်နဲ့  MTX-1B လေယာဉ်ရဲ့ အသုံးဝင်ပုံတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့  Tactical Raptor 2.0 ကို မောင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

“MTX-1A နဲ့ 1B အကြောင်းက သေချာပြောနိုင်ဖို့ ကိုးကားစရာ အချက်အလက်တော့ များများစားစား မရှိသေးဘူး။ MTX-1A ကတော့ တရုတ်ရဲ့ PT-6A အမောင်းသင်လေယာဉ်ကို ကူးယူပြီး ထုတ်လုပ်ထားတယ်လို့ ယူဆထားကြပါတယ်။ 1B ကတော့ ပြောရခက်သေးပါတယ်”

“ဒီလေယာဉ်တွေက basic trainer  အခြေခံအဆင့် အမောင်းသင် လေယာဉ်မျိုးသာဖြစ်လို့ နည်းပညာ မြင့်မြင့်မားမား မပါဝင်ပါဘူး။ ကင်းထောက်လေယာဉ်လို့ စစ်ကောင်စီကနေ နာမည်တပ်ထားပေမယ့် ကင်းထောက်ဖို့အတွက် ကင်မရာ၊ ဆင်ဆာ၊ ရေဒါတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမောင်းသင်တာအပြင် ထူးထူးခြားခြား အသုံးဝင်မယ့် လေယာဉ်တွေ မဟုတ်ဘူး ယူဆရပါတယ်” လို့ Tactical Raptor 2.0 ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

စစ်ကောင်စီက MTX-1A လေယာဥ်နဲ့  MTX-1B လေယာဉ်တွေအပြင် Mi 17 ထောက်ပို့ရဟတ်ယာဉ် ၃ စီး၊ FTC-2000 G တိုက်လေယာဉ် ၃ စီး (လေယာဉ်အမှတ် 1413 ၊ 1411 ၊ 1407 ) ၊ K-8W တိုက်လေယာဉ် ၁ စီး (လေယာဉ်အမှတ် 3941) ၊ Y 8 ထောက်ပို့လေယာဉ် ၁ စီး (လေယာဉ်အမှတ် 5922) တို့ကိုလည်း အင်အားဖြည့်တင်း တပ်တော်ဝင်ခဲ့တယ်လို့ သိရပါတယ်။ 

အထက်ပါ တာဝန်ရှိသူကပဲ ဆက်လက်ပြီး “FTC 2000G တိုက်လေယာဉ်တွေဆိုရင် စစ်ကောင်စီ နေ့စဉ်လုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ Mi-17 ဆိုရင် သူ့တပ်ဖွဲ့‌ဝင်တွေအတွက် သယ်ယူပို့ဆောင်ရေး‌တွေ၊ ဒါတွေမှာ အသုံးဝင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် ဖမ်းဆီးခံရသည့် ရဲဘော် အသေးလေး၏ဖုန်းကို သုံးပြီး စစ်အုပ်စု ညစ်ညမ်းစာများ လိုက်ပို့နေ၊ အဆိုပါ ရဲဘော် ကျဆုံးသွားပြီဟု သိရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်ရဲ့ ဖုန်းကို အသုံးပြုပြီး စစ်အုပ်စုက လူမှုကွန်ရက်ကတဆင့် ညစ်ညမ်းစာတွေ လိုက်ပို့နေတယ်လို့ တော်လှန်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားလွှတ်တော်တွင် “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။