အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံအနှံ့အပြား တော်လှန်ရေးတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနေကြပါတယ်။ 

မဝေးတဲ့ကာလကို ပြန်ကြည့်ရင် ရခိုင်မှာ အာရက္ခတပ်တော် (AA) က ပူပူနွေးနွေး သိမ်းပိုက်ထားတဲ့ စစ်ကောင်စီစခန်းတွေမှ အများကြီးပါပဲ။ 

ဒါပေမယ့် အပူရုပ်ကို ဟန်လုပ်နေရတဲ့ စစ်ကောင်စီကတော့ နိုင်ငံတော်ကြီး အေးချမ်းနေသယောင် ဖန်တီးပြီး ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပဆဲ ကျင်းပမြဲ ဖြစ်ပါတယ်။

စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) မှာ Myanmar Countdown 2025 ကို ဝင်ကြေးအခမဲ့ ကျင်းပပြုလုပ်မယ်လို့ စစ်တပ်လော်ဘီ သတင်းချန်နယ်တချို့မှာ ဖော်ပြထားပါတယ်။ 

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် ပြုလုပ်မယ့် Myanmar Countdown 2025 ပွဲ ပိုစတာများ

“အရှက်ကိုအပျော်နဲ့ ဟန်ဆောင်ပွဲ” ၊ “လုပ်တာလဲလုပ်ပေါ့ တဘက်မှာ လက်အောက်ငယ်သားတွေ အသက်တွေ ပေးဆပ်နေရတာတွေလဲ ကြည့်ကြပါအုံး” ၊ “တောင်မြန်မာမှာတော့ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ပဲ မြောက်မြန်မာမှာတော့ အလံဖြူတွေတလူလူနဲ့ပေါ့” စတဲ့ ဝေဖန်မှုတွေ အမျိုးမျိုးကိုလည်း တွေ့ရပါတယ်။ 

အဲဒီဖျော်ဖြေပွဲမှာ အာဏာသိမ်းခါစ ကာလတုန်းက မင်းအောင်လှိုင်ကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အဆိုတော် များစွာလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ 

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နဲ့ Team 143 တို့ ဖျော်ဖြေမှာဖြစ်ပြီး ၃၀ ရက်နေ့မှာ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နောနော် နဲ့ ၃၁ ရက်နေ့မှာတော့ အိုင်းရင်းဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire ၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ Project K နဲ့ Awasome Boyz တို့က ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်တွင်းကြီးတွင် စစ်တပ်သတင်းပေး လုပ်ဆောင်မှု၊ ပြည်သူကို အနိုင်ကျင့်မှုဖြင့် အုပ်ချုပ်ရေးမှူးဟောင်းနှင့် အပေါင်းအပါများကို ပစ်ခတ်ရှင်းလင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တော်လှန်ရေးတပ်တွေ သတိပေးနေတဲ့ကြားက ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အပေါင်းအပါတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပေါက်၊ ဂန့်ဂေါ၊ တောင်သာမြို့တို့မှာ စစ်တပ်လက်အောက်ခံ ပျူနှင့် ရဲများ ဆက်သွယ်အလင်းဝင်ရောက်မှုတွေရှိနေ

မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှားပါးပျောက်ကွယ်တော့မယ့် ဧရာ၀တီလင်းပိုင် သားအမိကို ဘီးလင်းမှာတွေ့လို့ ပြန်လွှတ်ပေး

အကောင်ရေ ရာဂဏန်းလောက်သာရှိတော့တဲ့ ရှားပါးမျိုးစိတ် ဧရာ၀တီလင်းပိုင် သားအမိကို မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းက သောင်တစ်ခုမှာ ရောက်ရှိနေလို့ ကယ်တင်ပေးခဲ့ကြောင်း  ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA) က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်၊ အမျိုးသမီးတစ်ဦး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ပြည်သူတွေကို ပေါ်တာဆွဲဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့ပြ ((UG) ကျားပေါက်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

Zomi Federal Union – ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်​မြောက်ဖို့အတွက် တိုက်ပွဲဝင်ဖို့ တည်ထောင်ခဲ့တဲ့ Zomi Federal Union - ZFU / PDF ZOLAND တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။