မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် ညပိုင်းက ပခုက္ကူမြို့ တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ပါ အရပ်ဖက်သုံး Mark 2 ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ လက်နက် ဝင်ယူဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေပါတဲ့ ကားဟာ အရှိန်လွန်ပြီး စစ်တပ်ဂိတ်အနီး ထိုးရပ်သွားတာကြောင့် လက်နက်မရရှိခဲ့ဘူးလို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တိုက်ခိုက်ခံခဲ့ရတဲ့ အိမ်စီးကားကို ကရိန်းကားနဲ့ လာရောက်ဆွဲယူသွားပြီး စစ်ကောင်စီ တပ်သားတွေ ရမ်းသမ်း ပစ်ခတ်တာတွေ ရှိပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၃ ၊ တပ်ခွဲ ၄ နဲ့ Shwe Nyar Myae PDF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်မထီးပျူရွာက ထွက်ပြေးလာတဲ့ ကလေး ၂ ယောက် အပါ အရပ်သား ၆ ယောက်ကို မြို့နယ် ပအဖ၊ ပကဖ နဲ့ PDF တွေ ကယ်ဆယ်ထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာက ထွက်ပြေးလာတဲ့ အရပ်သားတွေကို ပုလဲမြို့နယ် ပအဖ ၊ ပကဖ နဲ့ PDF ရဲဘော်တွေက ကယ်ဆယ်ထိန်းသိမ်းထားတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ(၃၄၂) မှ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး ကော့သောင်း ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ‌ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခံရသူ စစ်သား ၂ယောက် ‌လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲနဲ့ မိုင်းငေါ့ကြား ပြိုကျသွားတဲ့ တံတားကို TNLA က ပြန်လည်တည်ဆောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မိုင်းငေါ့အကြားရှိ ပြိုကျပျက်စီးသွားတဲ့ တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာတာဝန်ရှိသူတွေက ပြန်လည်တည်ဆောက်ပြီးစီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Burma Revolution Rangers ထံ ပခုက္ကူအခြေစိုက် တပ်ရင်းများမှ စစ်သားအယောက် ၃၀ နီးပါး အလင်းဝင်ရောက်ထား၊ အများစုက စစ်မှုထမ်းများ ဖြစ်

စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။
Read More

ကပစ ၂၄ မှ ပြန်လာသည့် စစ်ကြောင်း ကြားဖြတ်တိုက်ခံရကာ ၁၀ ဦး သေ၊ ၁၅ ဦး ဒဏ်ရာရ၊ ပခုက္ကူခရိုင် တပ်ရင်း ၂ ခုမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ကပစ (၂၄) ကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်ကားတန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ကြောင်း တောင်ညိုနဂါး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။