မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။

သက်ဆင်ရဲ့ သမီး ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရဲ့ ၂ ရက်တာ မလေးရှားခရီးစဉ်အတွင်း သူတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက အခုလို ကြေညာခဲ့တာပါ။

“အာဆီယံနိုင်ငံတွေက အဖွဲ့ဝင်တွေပါဝင်ပြီး အလွတ်သဘောပုံစံမျိုး အဖွဲ့တစ်ဖွဲ့နဲ့အတူ (သက်ဆင်ကို) ကျနော့်ရဲ့ အလွတ်တန်းအကြံပေးအဖြစ် နောက်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ ခန့်အပ်ဖို့ သဘောတူထားပါတယ်” လို့ Bernama သတင်းဌာနက‌ သူ့ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

မြန်မာနိုင်ငံက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မလေးရှားကို ထိုင်းက ပံ့ပိုးကူညီခဲ့တယ်လို့ သူတို့ရဲ့ တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အာဆီယံရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်ရုံး ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်းလည်း ထုတ်ပြန်ထားတာပါ။

တဆက်တည်းမှာပဲ ခရီးသွားကဏ္ဍကို မြှင့်တင်ဖို့နဲ့ နယ်စပ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာဖို့အရေး နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၇ အမီ နှစ်နိုင်ငံကုန်သွယ်ရေးကို ဒေါ်လာ သန်း၃၀ အထိ ရောက်လာဖို့အရေး ပိုမိုအားကောင်းလာအောင် တွန်းတိုက်လုပ်ဆောင်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

ကိုးကား – Malaysia appoints Thaksin as informal advisor on Asean

0 Shares:
You May Also Like
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။
Read More

EU က မြန်မာကို ယူရို ၃၃သန်းကျော် ထောက်ပံ့ကူညီမယ်

မြန်မာပြည်တွင်းက တိုက်ပွဲတွေ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ ဒုက္ခသည်တွေကို ယူရို ၃၃ သန်းကျော် ထောက်ပံ့ပေးအပ်သွားမယ်လို့  ဥရောပသမဂ္ဂ  EU က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်၏ စစ်ရာဇဝတ်မှုများ ရပ်တန့်အောင်ကူညီပေးရန် ကုလနှင့် ကမ္ဘာ့နိုင်ငံများအား MNDAA နှင့် TNLA တောင်းဆို

ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်တည်ရှိရေး နယူးယောက်မြို့ UN  ရုံးချုပ်​ရှေ့ ချီတက်ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။
Read More

ကျောင်းသားကျောင်းသူများအပါ ၂၂ ဦး သေဆုံးခဲ့သည့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကို ကုလတွင် တင်ပြ… စစ်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများက ကလေးငယ်များအပါ လူအများအပြားကို သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေဟု ဆို…

အကြမ်းဖက်စစ်အုပ်စုကို အချို့နိုင်ငံတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေတာဟာ ကလေးငယ်တွေအပါအဝင် လူအများအပြားကို စစ်အုပ်စု သတ်ဖြတ်နိုင်အောင် ကူညီပေးရာ ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။