ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြို့နယ်အတွင်း ဒီဇင်ဘာလ (၁၀) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ−၅၇ တပ်ပေါင်းစုက အင်္ဂနီကျေးရွာမှာ အခြေချထားပြီး ရုံးတိုင်းကျေးရွာကို လက်နက်ကြီး ၆၀ မမ (၂) လုံးပစ်ခတ်ခဲ့ရာ ရုံးတိုင်းကျေးရွာက (၆၇)နှစ်အရွယ် အမျိုးသမီး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁)ရက်မှာလည်း ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ချုံအင်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁)လုံး၊ ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၂) ရက်မှာလည်း အင်္ဂနီကျေးရွာမှာ အခြေချထားတဲ့ ခလရ-၅၇ က စံဖဲကျေးရွာကို လက်နက်ကြီး ၆၀ မမ(၁)လုံးအပါ လက်နက်ကြီး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာက (၄၂)နှစ်အမျိုးသားနဲ့ (၄၅) နှစ်အရွယ်အမျိုးသမီးတို့ (၂) ယောက် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူက မွေးဖွားလာသည့် PDF များ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်လျှင် ပဲ့ပြင်ထိန်းကျောင်းနိုင်ရန် တိုင်တန်းကြဖို့ MDY-PDF ပြည်သူကို ပန်ကြား…

ပြည်သူကြားက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် (PDF) တွေကို လက်နက်က ရလာတဲ့ ရာထူး၊ အာဏာတွေကြား ဖောက်ပြန်မသွားအောင် ပြည်သူလူထုအနေနဲ့ လိုအပ်သလို ပဲ့ပြင်ထိန်းကျောင်းပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ပန်ကြားထားပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရာမညမွန်တပ်တော်၏ (Sniper)စနိုက်ဘာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား…

မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် (NMSP-AD/ RMA) ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၉)ရက် မနေ့က လွတ်‌မြောက်နယ်‌မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။