ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ KNDF ဥက္ကဋ္ဌခွန်းဘီထူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးနဲ့ KNDF ဗဟိုကော်မတီဝင်တွေက ဂုဏ်ပြုကြိုဆိုစကားတွေ ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

KNDF က ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးတွေအပြင် စစ်ဆင်ရေးမရှိတဲ့ အချိန်ကာလတွေမှာ ရဲဘော်တွေရဲ့ ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူနိုင်ဖို့အတွက် ဗဟိုကျန်းမာရေးဌာနကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ KNDF က ဆိုပါတယ်။

ဒါ့အပြင် KNDF ရှိ အမျိုးသမီးနဲ့ Gender ကွဲပြားတဲ့ ရဲဘော်တွေအပြင် တပ်တခုလုံးမှာ တန်းတူညီမျှမှုရရှိစေရေးအတွက် Gender တန်းတူညီမျှရေးဌာနကို ဖွဲ့စည်းရတာဖြစ်တယ်လို့ သိရပါတယ်။

KNDF အနေနဲ့လည်း ဒီမိုကရေစီစနစ်ရရှိဖို့နဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဖြစ်တာကြောင့် ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ တပ်ဖွဲ့ဖြစ်မြောက်လာရေးအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

AA ထိုးစစ်နှင့်အတူ စစ်ကောင်စီအတွက် စိုးရိမ်ရေမှတ် ရောက်ရှိလာသည့် မြို့တော် စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က ဖေဖော်ဝါရီလဆန်းပိုင်းမှာ စတင်ထိုးစစ်တိုက်ခိုက်ခဲ့တာဟာ မြို့တော်နဲ့ မိုင်အနည်းငယ်အကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။