ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ ဦးစီးဖွင့်လှစ်ခဲ့တဲ့ Frontline Combat Medic ဆေးသင်တန်းကို တပ်ရင်းတပ်ဖွဲ့ အသီးသီးက ဆေးတပ်သား ရဲဘော်ရဲမေ (၁၀၂)ယောက် တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၁ရက်နေ့မှာ ညဘက်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ရင်း ရေဘေးကြောင့် သင်တန်းသား (၁၈)ယောက် ရေထဲမျောပါ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ စွပ်စွဲခံရသူတွေနဲ့ သက်သေထွက်ဆိုချက်တွေအရ ကျောင်းအုပ် (၁) ယောက်၊ ကာယလေ့ကျင့်ရေးဆရာ (၁) ယောက်နဲ့ သင်တန်းအကူ (၁) ယောက်တို့ဟာ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် KNDF ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ (၁၇)၊ (၂၇) အရ ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေးဆရာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၃) လစီ ချမှတ်လိုက်ပြီး သင်တန်းအကူဖြစ်သူကို ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ(၂၇)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃လ အသီးသီး အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

KNDF အနေနဲ့ အခက်အခဲများစွာရှိပေမယ့် တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုအားလုံးကို ကတိပြုတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာ၀တီတိုင်းထဲက နေရာ ၇ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ဖို့ FCDO သတိပေး

ဧရာ၀တီတိုင်းထဲက နေရာ ၇ ခုကို မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ကြဖို့  ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က ထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်၊ ဒေသခံ(၃)ဦးသေဆုံး၊ (၆)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ (၃)ကြိမ် လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၃) ယောက် သေဆုံးပြီး (၆) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်တွင်းမှာ စည်းလုံးမှုပြိုကွဲပါက နိုင်ငံပျောက်မှာစိုးလို့ ငြိမ်းချမ်ရေးဆွေးနွေးဖို့ စစ်ကောင်စီက ဖိတ်ခေါ်ရခြင်းလို့ဆို

နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက် စည်းလုံးမှုပြိုကွဲနေပါက တိုင်းပြည်ပျောက်ကွယ်သွားမှာ စိုးရိမ်လို့ အခုလို ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ရခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ပြန်ကြားရေး ဇော်မင်းထွန်းကပြောပါတယ်။ ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကို စက်တင်ဘာ ၂၇ ရက်နေ့က ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ရခြင်း ရည်ရွယ်ချက်ကို  ထုတ်ဖော်ပြောဆိုလိုက်တာပါ။
Read More

ရွှေတောင်တွင် စစ်တပ်နှင့်ပေါင်းပြီး လူငယ်များကို ဖမ်းဆီးငွေရှာနေသူများနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာအား ပကဖ သတိပေး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် စစ်တပ်ဆီ ရောင်းစားငွေညှစ်နေသလို စိုက်ပျိုးရေးဘဏ်မန်နေဂျာဆိုသူကလည်း မိုးစပါးချေးငွေမပေးနိုင်သေးတဲ့ လယ်သမားတွေအပေါ် အတင်းအကြပ် ခြိမ်းခြောက်နေကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။