ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မနက် ၈ နာရီအချိန်မှာ အဆိုပါ လူငယ်တွေဟာ ဝါးခုတ်ပြီးပြန်လာတဲ့ ဝါးတင်ကားကို လိုက်ပါစီးနင်းလာပြီး အုတ်ဖိုမြို့၊ တိမ်မြုပ်စစ်တပ်အနီးအနား ရန်ကုန်-ပြည် ကားလမ်းမကြီးပေါ်က စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ လူငယ်တွေထဲမှာ သုံးဆယ်မြို့၊ သင်္ဃန်းကုန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်အောင်အောင် (အဖ-ဦးနေမင်းထွန်း) လည်း ပါဝင်နေပါတယ်။ 

“အခုက သူတို့က လမ်းမှာ တွေ့သမျှကို အကုန်ဆွဲနေတာ ယောက်ျားလေးတွေဆိုရင်။ ကောင်လေးတွေကလည်း အသက်မပြည့်ပေမယ့် ထွားတော့လေ။ အသက် ၆၀ လည်း မထားဘူး ဆွဲတာပဲ။ ပြီးတော့မှာ ရွေးနိုင်တဲ့သူနဲ့ အသက်အရမ်းကြီးတဲ့သူတွေလောက်ပဲ ပြန်လွှတ်ပေးတယ်။” လို့ အမည်မဖော်လိုတဲ့ သုံးဆယ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။ 

မောင်အောင်အောင်ရဲ့ အစ်ကိုဖြစ်သူ ငတက်ဆိုသူကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် ရပ်ကွက် အုပ်ချုပ်ရေးမှူး သိန်းလွင်နဲ့ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“၁ ပတ်တောင် မပြည့်သေးဘူး။ ရက်ပိုင်းအတွင်းမှာတင် အစ်ကိုရော ညီဖြစ်သူပါ ဖမ်းခံလိုက်ရတော့ အမေဖြစ်သူကလည်း အရူးမီးဝိုင်းဖြစ်နေပြီ” လို့ ဆိုပါတယ်။ 

ကိုအောင်အောင် ဖမ်းဆီးခံလိုက်ရတာကို မိသားစုဝင်တွေက သိသိချင်းပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေနဲ့ လိုက်လံထုတ်ယူရာမှာလည်း ပိုက်ဆံ မတတ်နိုင်တာကြောင့် လူပြန်မရခဲ့ဘူးလို့ သိရပါတယ်။ 

သုံးဆယ်မြို့ခံကပဲ ဆက်လက်ပြီး “အသက်မပြည့်တာက  သူတစ်ယောက်တည်းမဟုတ်ဘူး။ အဲ့လိုပဲ ဖမ်းနေကြတာ။ အရင်ကဆို အဖမ်းခံရလို့ လိုက်ထုတ်ရင် ၂၀-၃၀ လောက်ပဲ တောင်းကြတာ။ အခုက အနည်းဆုံး ၆၀-၇၀ လောက်တောင်းနေကြပြီ” လို့ သူကပြောပြပါတယ်။ 

အလားတူ ပဲခူးအနောက်ခြမ်းထဲက ဇီးကုန်းမြို့၊ ဒေါကျော်ကျေးရွာက လူငယ် ၈ယောက်ကို စစ်ကောင်စီတပ်တွေက အဲဒီလူငယ်တွေ အလုပ်ကအပြန်ကို လမ်းမှာ စောင့်ဆိုင်းကာ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

နယ်စပ်တည်ငြိမ်ရေး ထိခိုက်စေသည့် အစွန်းရောက် စစ်သွေးကြွများ၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပေါ် စိုးရိမ်ကြောင်း AA ပြော

အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း Loikaw Local PDF Alpha (2) တပ်ရင်း အမှတ်(၂) တပ်စုမှူး ကျဆုံး

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်းတိုက်ပွဲအတွင်း လွိုင်ကော်မြို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ်(၂) - Loikaw Local PDF Alpha (2) က တပ်စုမှူး ရဲဘော် ကျော်ထက်(ခ) ထက်ကြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရွှေနံ့သာရပ်ကွက်ရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာရပ်ကွက်ရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။