ရခိုင်ပြည်နယ်မှာ မြို့ရွာတွေကို တိုက်ခိုက်သိမ်းပိုက်နေတဲ့ အာရက္ခတပ်တော် AA ကို လက်နက်စွန့်ပြီး နိုင်ငံရေးဆွေးနွေးဖို့  အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းဆိုပြောကြားလိုက်ပါတယ် ။ 

ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်က ပြောကြားလိုက်တာပါ။

အခုရက်ပိုင်းတွေမှာပဲ AA ဟာ သမိုင်းဝင် ဖြစ်ရပ်တစ်ခုအဖြစ် မောင်တောက နမခ (၅)ကို တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီး  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနဲ့ တောင်ကုတ်၊ ဂွဒေသတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် မင်းအောင်လှိုင်က နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်တယ်လို့ ဆိုလာပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးက စတင်ခဲ့တဲ့  MNDAA ၊ TNLA ၊ AA တို့ကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွါးအခြေအနေ ပိုမိုဆိုးရွားခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြကာ လွဲမှားတဲ့ အယူအဆတွေကြောင့်  အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြတယ်လို့ မင်းအောင်လှိုင်က စွပ်စွဲပြစ်တင်ပြောဆိုခဲ့ပြန်ပါတယ်။

နိုင်ငံဟာ ပါတီစုံဒီမိုရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းပြီး လက်နက်ကိုင်နည်းလမ်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရနိုင်ဘူးလို့ မင်းအောင်လှိုင်က ပြောပါတယ်။

နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းတဲ့ နည်းလမ်းကသာ ပဋိပက္ခတွေကို ပြေလည်စေမယ်လို့ လက်နက်ကိုင်အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို လုယူထားတဲ့ မင်းအောင်လှိုင်က ပြောပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ပြောဆိုမှုတွေ ပြုလုပ်ထားပါတယ်။

လက်ရှိ မင်းအောင်လှိုင်ရဲ့ ပြောကြားမှုနဲ့ပတ်သက်လို့ အာရက္ခတပ်တော် AA ဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းကွန်းဒေသ၊ နဂါးပတ်တောင်ကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ အလောင်း ၄ လောင်း၊ စစ်သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၀က်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့မှုကြောင့် လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။