စစ်ကိုင်းတိုင်း၊ ခင်ဦးမှာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ အရက်နဲ့ဘီယာတွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံက သိရပါတယ်။ 

မြို့နယ်အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မြန်မာဘီယာ၊ အက်ဒမန်ဂိုးနဲ့ စစ်တပ်ထုတ်ကုန်အရက်တွေဟာ ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိပြီး မော်တော်ယာဉ်တွေနဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က တက်ကြိတ်ကာ ဖျက်ဆီးပစ်ခဲ့တာလို့ ဆိုပါတယ်။

စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)

တော်လှန်ရေးအင်အားစုတွေက သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေအတွင်း စစ်တပ်ထုတ်ကုန်တွေ မရောင်းချဖို့ တားမြစ်ထားပါတယ်။ ခင်ဦးဒေသထဲမှာ  သယ်ယူပို့ဆောင်လာတဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးရာကနေ အခုလို စစ်တပ်ထုတ်ကုန်တွေ တင်ဆောင်လာစဉ် ဖမ်းမိခဲ့တာတွေကို စုပေါင်းပြီး ဖျက်ဆီးပစ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီနဲ့ အကျိုးတူ စီးပွားဘက်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကနေ ရလာတဲ့ အမြတ်အစွန်းငွေကြေးတွေဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို ဖျက်ဆီးစေနိုင်တာကြောင့် စစ်ကောင်စီထုတ်ကုန်တွေကို သပိတ်မှောက်ကြဖို့ တိုတ်တွန်းထားပါတယ်။

စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ ၊ Andaman Gold တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ Dagon တံဆိပ် အရက်၊ ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာနဲ့ ရမ်၊ Black Shield ဘီယာ၊ အာမီရမ်၊ Red Ruby စီးကရက်နဲ့ Premium Gold စီးကရက်စတဲ့ ကုန်ပစ္စည်းရှစ်မျိုးကို အဓိက မရောင်းချဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
စကစထုတ်ကုန် အရက်နှင့် ဘီယာများကို ဖျက်ဆီးနေစဉ် (ဓာတ်ပုံ ခင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့)
0 Shares:
You May Also Like
Read More

မင်းတပ်မှာ စစ်ကောင်စီရဲ့ လေကြောင်းရန် ရှိနေသေးတာကြောင့် ပြည်သူများကို ဝင်ရောက်ခွင့်မပြုသေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့တွေက ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် ပြည်သူတွေအနေနဲ့ လတ်တလော မင်းတပ်မြို့ကို ဝင်ထွက်ခြင်းမပြုဖို့ ချင်းညီနောင်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု မတရားဖမ်းဆီးထားသည့် MMA ဖိုက်တာ ဖိုးသော် အကျဉ်းထောင်ထဲမှ အောင်လအန်ဆန်ထံ စာပို့

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး အကျဥ်းချထားတဲ့ MMA ဖိုက်တာ ဖိုးသော်က အကျဉ်းထောင်ထဲကနေ ပေးပို့လိုက်တဲ့စာကို One Championship ရဲ့ Hall of Fame ဖြစ်လာမယ့် MMA ကစားသမား အောင်လအန်ဆန်းက သူ့ရဲ့ Facebookစာမျက်နာမှာ အသိပေးဖော်ပြထားပါတယ်။
Read More

မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး ၊ ၃ ဦးဒဏ်ရာရ…

"ထိတွေ့မှုလဲမရှိဘူးဗျ ၊ ဒီတိုင်းချဲသွားတာဗျ ဟိုတယ်က မဖွင့်ထားဘူးဗျ ၊ လောလောဆယ် ဒီလောက်ပဲသိရသေးတယ်" လို့ မိုးကုတ်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီက စစ်တပ်လက်အောက်ခံ မြဝတီ အသံလွှင့်ရုံဝန်းထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်တပ်အတွက် ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ပျူခေါင်းဆောင် လွှမ်းမိုးနိုင် ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ စစ်ကောင်စီအတွက် အလုပ်လုပ်ရင်း ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ ပျူစောထီးခေါင်းဆောင် ၁ ယောက်ကို ပစ်ခတ်ရှင်းလင်းရင်း မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က မောင်းကို ပြောပါတယ်။