အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။

ခရိုင်ကွပ်ကဲရေးမှူးက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိတဲ့ ယောဗျူဟာ (၈၁) ရဲဘော်တွေကို ဒီဇင်ဘာ ၁၂ ရက်က ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်းစခန်းမှာ တွေ့ဆုံမှာကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဗျူဟာ (၈၁) ယောဗျူဟာမှ ရဲဘော်များအား ခရိုင်ကွပ်ကဲရေးမှူးမှ လာရောက်တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ ဗျူဟာအမှတ် – ၈၁ ယောဗျူဟာ)
ဗျူဟာ (၈၁) ယောဗျူဟာမှ ရဲဘော်များအား ခရိုင်ကွပ်ကဲရေးမှူးမှ လာရောက်တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ ဗျူဟာအမှတ် – ၈၁ ယောဗျူဟာ)

တွေ့ဆုံမှုအတွင်း NUG ၊ MOD ရဲ့ မူဝါဒတွေ၊ စစ်သည်တော် ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရုံးပိုင်းဆိုင်ရာ လည်ပတ်ပုံတွေကို မိတ်ဆက်ရှင်းလင်းခဲ့ပါတယ်။ 

ယောဗျူဟာ (၈၁)ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် အမှတ် (၁၃) ၊ (၁၅) ၊ (၁၆) ၊ (၁၇)၊ (၁၈) တပ်ရင်း ၅ရင်းနဲ့ စုဖွဲ့ထားတဲ့ စစ်ဗျူဟာတပ်တစ်ခု ဖြစ်ပါတယ်။

ယောနယ်မှာ စစ်ကောင်စီကို အဓိကတော်လှန်တိုက်ခိုက်နေတဲ့  NUG လက်အောက်ခံ ဒေသခံ PDF တပ်တွေလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများအား စားနှပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနှပ်ရိက္ခာထောက်ပံ့မှုနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့ကို ဇူလိုင်လ ၂ ရက်က ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ နည်းပညာအကူအညီလိုအပ်ရင် ကူညီဖို့အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန - MOCIT ကနေ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတွေ နည်းပညာအကူအညီ လိုအပ်ရင် ကူညီပေးဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

အင်းတော်သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်သား ၃၃ ဦး သေပြီး ၃၁ ဦးအရှင်မိကာ လက်နက် (၅၄) လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အပတ်စဉ် (၂) အခြေခံစစ်သင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ်-၃ တပ်ရင်းရဲ့ အခြေခံ စစ်သင်တန်းအပါတ်စဉ် (၂) သင်တန်း ဓာတ်ပုံမှတ်တမ်းတွေကို အဆိုပါတပ်ရင်းက ထုတ်ပြန်ဖော်ပြထားပါတယ်။